top of page

၆လ ကျော် လမ်းပိတ်မိ၍ စားစရာဆန် ဆီဆား ဆေးဝါးအကုန် ပြတ်လပ်သည့်အပြင်ကုန်ဈေးနှုန်းမြင့်တက်နေသည့်ပူတာအိုမြို့နယ်ပြည်သူများအခက်ကြုံနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၂၊ ၈၊ ၂၀၂၄။





ပူတာအိုခရိုင်သည် လွန်ခဲ့သည့်မတ်လဆန်းပိုင်းကတည်းကပင်မြစ်ကြီးနားပူတာအိုကားလမ်းပိတ်ခဲ့သည့်အပြင်ယခုအချိန်တွင်ဖုန်းလှိုင်း၊ အင်တာနက်လှိုင်းများထပ်မံဖြတ်တောက်ထားသည်ဖြစ်၍ဆက်သွယ်ရေး၊ကုန်သွယ်ရေးအဖက်ဖက်တွင်ခက်ခဲနေကြောင်း ဒေသခံများပြောကြားသည်။


မြစ်ကြီးနားမြို့နှင့် ဆက်သွယ်သွားလာရန်လေကြောင်းလှိုင်းတစ်ခုသာရှိနေပြီဖြသ်သည့်အတွက်ကုန်ပစ္စည်းများလည်းလေယဉ်ဖြင့်သာ သယ်ယူနေကြရသည့်အခြေအနေများကြောင့်ကုန်ဈေးနှုန်းများသည်လည်းယခင်ပုံမှန်ဈေးများထက်အဆပေါင်းများစွာမြင့်တက်ခဲ့ပြီဖြစ်သည်ဟု ဒေသခံများကဆိုသည်။


ယခုအချိန်တွင် ဒေသအတွင်းပြည်သူများစားစရာပြတ်လပ်နေသည်အထိခက်ခဲနေသောပြည်သူများလည်းအများအပြားရှိလာကြောင်း ၎င်းတို့ကိုအရေးပေါ်အကူအညီပေးရန်လိုအပ်နေပြီဖြစ်၍ပရဟ္တိအဖွဲ့အစည်းတစ်ချို့သည်လည်းအခက်အခဲကြားမှာပင် ကြိုးစားဆောင်ရွက်နေကြကြောင်းလူမှုကူညီရေးအသင်းမှနီးစပ်သူတစ်ဦးကဆိုသည်။


"လာမယ့် ရက်အနည်းငယ်အတွင်း ပူတာအို အခြေစိုက် ဒေသခံလူငယ် ပရဟ္တိပူးပေါင်း ကော်မတီအဖွဲ့မှမြစ်ကြီးနားမှနေ၍ ဆန် နှင့် စက်သုံးဆီ ပထမဆုံး အကြိမ် တင်ပို့ နိုင်ဖို့ပြင်ဆင်ထားတာတွေတော့ရှိတယ်ပူတာအို - မြစ်ကြီးနား လမ်း တိုက်ရိုက်မပေါက်သေးဘူးဒါပေမယ့်သွားလို့ရတဲ့အထိသယ်ယူပြီးမှပူတာအိုဘက်က လာကြိုဖို့တော့စီစဉ်နေကြတယ်၊ ပစ္စည်းတွေရောက်ရင်တော့အရမ်းခက်ခဲတဲ့မိသားစုတွေကိုတော့အခမဲ့ပေးအပ်ကူညီတာတွေလုပ်မယ် သာမာန်ပြည်သူတွေကိုကျတော့ဈေးနှုန်းချိုချိုသာသာနဲ့ရောင်းပေးတာတွေလုပ်ပေးဖို့တော့စီစဉ်ထားတယ် လမ်းအခက်အခဲကြောင့်ပစ္စည်းမရောက်နိုင်သေးဘူး"ဟုအခြေစိုက် ဒေသခံလူငယ်ပရဟ္တိပူးပေါင်း ကော်မတီအဖွဲ့မှအဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။


တဖက်တွင်လည်းဒေသအတွင်းယခုကဲ့သို့အကြပ်အတည်းမျိုးစုံကြားတွင်စီးပွားရေးအမြတ်ထုတ်နေကြသည့်လုပ်ငန်းရှင်၊လောဘသားများကြောင့်ကုန်‌ေစျးနှုန်းများအဆမတန်မြင့်တက်ခြင်းပြည်သူများကြပ်တည်းနေရခြင်းအခြေအနေများကြောင့်ပရဟတအဖွဲအစည်းများစုဖွဲ့၍နေရာဒေသအသီးသီးမှအလှူရှင်များဖိတ်ခေါ်ပြီးယခုလိုဆောင်ရွက်လာရခြင်းဖြစ်ကြောင်းဆက်လက်ပြောကြားသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page