ပါဂျောင်မီဒီယာ။
၃၀ရက်၊ဒီဇင်ဘာ၊၂၀၂၄။
ဒီဇင်ဘာလ (၄ရက်)နေ့တွင် စတင်သော KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့၏ ဗန်းမော်နှင့်မံစီတိုက်ပွဲမှာ ယခုရက်ပိုင်းအတွင်း အနည်းငယ် ငြိမ်နေသော်လည်း စစ်ကောင်စီဘက်မှ ပေါင် ၅၀၀-၁၀၀၀ ဗုံးများ နေ့တိုင်းလိုလို ကျဲချနေပြီး၊ နေအိမ်များကိုလည်း မီးရှို့ဖျက်စီးနေကြောင်းလည်းသိရသည်။
မံစီတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျုဟာမှူးကျဆုံးသွားသော်လည်း နေပြည်တော်မှ လက်နက်မချဘဲဆက်လက်ခုခံရန် ဖိအားပေးနေကြောင်း သိရသည်။ လက်နက်ချမည့်သူများမှာလည်း အသက်အန္တရာယ်စိုးရိမ်နေရကြောင်း မံစီမြို့ရှိစစ်ကောင်စီတပ်မှ ထွက်ပြေးလွှတ်မြောက်လာသော တပ်သားတစ်ဦး၏ပြောပြချက်အရသိရသည်။
(၂၆ရက်) ကြာမြင့်လာပြီဖြစ်သော ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲတွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များထံတွင်လည်း အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးအတွက် အခက်အခဲကြုံလာနေကြရကြောင်းဆက်လက်သိရှိရသည်။
သတင်း - A&A
Comments