top of page

၂၀၂၅ ရွေးကောက်ပွဲနှင့် ကချင်နိုင်ငံရေး ပါတီများ

  • Writer: Pajau Media
    Pajau Media
  • Jul 30, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၀၊ ၇၊ ၂၀၂၄



၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ ကချင်ပြည်နယ်တွင်း ၀င်ရောက်ယှဥ်ပြိုင်ခဲ့သည့် ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီ ၈ ခု ရှိခဲ့ပြီး ရွေးကောက်ပွဲအလွန် အာဏာသိမ်းမှုဖြစ်ပွါးကာ ပါတီနိုင်ငံရေးကဏ္ဍ ပျောက်ကွယ် ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကောင်စီမှ ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း သက်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများနှင့်အတူ မှတ်ပုံတင်ကြရန် ဖော်ပြခဲ့သည်။ နိုင်ငံရေးပါတီများအနေဖြင့် သက်မှတ်ထားသည့် ရက်အတွင်း ပြန်လည်လျှောက်ထားခြင်း မရှိလျှင် တည်ဆဲဥပဒေအရ ပါတီဖျက်သိမ်းခြင်း ပြုလုပ်မည်ဖြစ်ကြောင်း ပါရှိသည်။


နိုင်ငံရေးအကူးအပြောင်း အခြေအနေများအတွက် ကချင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီများလည်း အကျပ်အတည်းကာလ တစ်ခုဖြစ်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ မှ ပြောကြားခဲ့သည်။ သို့သော် နိုင်ငံရေးယုံချက် ကွဲပြားခြားနားသော ကချင်ပါတီအချို့မှ ပါတီများ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် ထံ မှတ်ပုံတင်လျှောက်ထားခဲ့ကြသည်။ ပြည်ထောင်စုတစ်ဝှမ်းလုံးအတွက် ပါတီမှတ်ပုံတင်မည်ဆိုပါက ပါတီ ရံပုံငွေ သိန်းတစ်ထောင် ပြပေးရမှာ ဖြစ်သကဲ့သို့ ရက်ပေါင်း ၉၀ အတွင်း ပါတီ၀င်ဦးရေ တစ်သိန်း၀န်းကျင် ရှိရမှာဖြစ်ပါသည်။ ပြည်နယ်တစ်ခုအတွက် ပါတီမှတ်ပုံတင်မည်ဆိုပါက ပါတီရံပုံငွေ သိန်း ၁၀၀ ကို ပြသရမည် ဖြစ်သကဲ့သို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ တစ်ထောင် ရှိရမည်ကြောင်း သိရှိရသည်။ ထို့ကြောင့် ကချင်ပြည်နယ်အခြေစိုက်ပါတီ အချို့အနေနှင့် မှတ်ပုံတင်ခြင်းမတင်ခြင်းကို စဥ်းစားကြရမည်ဟု ထိုစဥ်က ပြောကြားခဲ့သည်။ ထို့သို့ဆိုသော် မှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲ၀င်ခြင်း/မ၀င်ခြင်း သည် ကွဲပြားခြားနားကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌမှ ပြောကြားခဲ့သည်။


ယနေ့ချိန်တွင် ကချင်ပြည်နယ်အခြေစိုက် ကချင်အမျိုးသားပါတီ (KNP)၊ လ‌‌ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (LNUDP) တို့သည် စစ်ကောင်စီ၏ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံမတင်ခဲ့ကြပေ။ ကချင်အမျိုးသားကွန်ဂရက် (KNC) မှ စစ်ကောင်စီ၏ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခဲ့သော်လည်း စည်းမျဥ်းစည်းကမ်းနှင့် မညီဟုဆိုကာ ပယ်ချခံခဲ့ရသည်။ ထို့အတွက် ပါဂျောင်မီဒီယာမှ သက်ဆိုင်ရာကိစ္စမေးမြန်းစုံစမ်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိခဲ့ပေ။


၂၀၂၅ တွင် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသို့ မှတ်ပုံတင်လျှောက်ထားခဲ့ကြပြီး ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်ရရှိထားသည့် ပါတီများမှာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (Lisu National Development Party)၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Tai-leng National Development Party) နှင့် ဒီမိုကရေစီပါတီသစ်(ကချင်) (New Democracy Party - Kachin)တို့ဖြစ်ပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People Party) မှာ ယနေ့ထိ အတည်ပြုချက်မရရှိသေးကြောင်း သိရှိရပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page