top of page

၁၃၆ ကြိမ်ထက်မနည်းဗုံးကျဲ တိုက်ခိုက်ခဲ့သော စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေး

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၆၊ ၈၊ ၂၀၂၄။



လွန်ခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှ သြဂုတ်လဆန်းပိုင်းအထိ စစ်ကောင်စီမှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအား လေကြောင်းဖြင့် ၁၃၆ ကြိမ်ထက်မနည်း ဗုံကျဲလေကြောင်းတိုက်စစ်ဆင်ခဲ့သည်ဟု မြေပြင်စောင့်ကြည့် လေ့လာရေးအဖွဲ့ BMC မှထုတ်ပြန်ထားခဲ့သည်။


၄င်းလေကြောင်းထိုးစစ်ဆင်မှုတွင် အရပ်သားပြည်သူပေါင်း ၇၃ ဦးနှင့် အရွယ်မရောက်သေးသည့် ကလေးသူငယ် ၇ ဦးသေဆုံးခဲ့ရပြီး၊ ၆၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ လူပေါင်း ၄၀၀၀ ကျော် နေအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရသည်။ ထို့အပြင် ဘာသာရေးအဆောက်အုံ ၅ ခုနှင့် စာသင်ကျောင်း ၁ ကျောင်းလည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။


ယခု သြဂုတ်လဆန်းမှ စ၍ ၂၃၊ ၈၊ ၂၀၂၄ ရက်နေ့အထိ လေကြောင်းထိုးစစ်ကို အကြိမ် ၁၆၈ ကြိမ်နီးပါးခန့် ရှိနေပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့အား အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ၄င်းအဖွဲ့၏ တာ၀န်ရှိသူမှ ဆက်လက်ပြောဆိုထားသည်။ ယခုတစ်ပတ်အတွင်း ကချင်ပြည်နယ် မိုးမောက်- မန်စီဒေသအား စစ်ကောင်စီမှ စစ်ကြောင်း ၃ ကြောင်းထိုးကာ မြေပြင်နှင့် ‌ဝေဟင်ပူးတွဲ စစ်ကြောင်းထိုး လျှက်နေကြောင်း သိရှိရသည်။


ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ်ရှိ ကသာခရိုင် အင်းတော်-ထီးချိုင့်နှင့် ပင်လည်ဘူး မြို့များတွင်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ် များနှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲများ ပြင်းထန်လျှက် ရှိနေပြီး တစ်ရက်လျှင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၃ ကြိမ်ထက်မနည်း တိုက်ခိုက်နေကြောင်း သိရှိရသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ အာရက္ခတပ်တော်၊ ဂေါ်ရခါးတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ် များမှ ဗန်းမော်ခရိုင် မိုးမောက်မြို့ရှိ မြို့စောင့်တပ် ၄၃၇ ကို သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀၀ ဝန်းကျင်ခန့်ကျဆုံးမှုရှိခဲ့သောကြောင့် ယခုကဲ့သို့ လေကြောင်းစစ်ဆင်ရေးအားဖြင့် ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page