ပါဂျောင်မီဒီယာ၊ အယ်ဒီတာအာဘော်
၃၀၊ ၇၊ ၂၀၂၄
![](https://static.wixstatic.com/media/c187ce_08b18672c4094a24ad8ad54b134f35ed~mv2.jpg/v1/fill/w_980,h_571,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_08b18672c4094a24ad8ad54b134f35ed~mv2.jpg)
၂၀၁၀ - ၂၀၁၅ ခုနှစ်မှ စ၍ ဦးသိန်းစိန် - ဖားတစ်ပိုင်းငါးတစ်ပိုင်း အစိုးရ အချိန်ကာလအတွင်း များစွာသော အပြောင်းအလဲများ ပေါ်ပေါက် လာခဲ့ပြီး လူမှုဘ၀ တစ်ဆင့်မြင့်တက်လာကာ ဒီမိုကရေစီ အပြောင်းအလဲများ စတင်ခဲ့သည်။ ဖွံ့ဖြိုးရေးအစိတ်အပိုင်းများ ဖြစ်သည့် လျှပ်စစ်မီးလည်ပတ် ရရှိရေး၊ လမ်းပမ်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်မှု အားကောင်းရေးနှင့် အတူ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ အခြားတစ်ဖက်တွင်လည်း အားကောင်းသည့် လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာခဲ့ကာ ၂၀၀၈ ဖွဲ့စည်းပုံ ခြေဥအားဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် အဂတိလိုက်စားမှု ပပျောက်ရေးနှင့် စစ်တပ်၏ချုပ်ကိုင်မှု အာဏာလျော့ချရေးတို့ကို လုပ်ဆောင်ခဲ့ကြသည်။ ပြည်ထောင်စု၀န်ကြီးများ ၃၂ ဦးအနက် ၂၉ ဦးမှာ စစ်တပ်မှ အရပ်ဖက်သို့ ပြောင်းလဲလာသည့် ၀န်ကြီးများဖြစ်ကြပြီး ကျန်ရှိသည့် ၀န်ကြီးများနှင့် လွှတ်တော်အတွင်း အမတ်အများစု မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အဖွဲ့၀င်များ ဖြစ်ကြသည်။ အထူးသဖြင့် ထိုစဥ်အချိန်က စစ်တပ်၏ လုပ်ပိုင်ခွင့်များနှင့် စီးပွါးရေးလုပ်ငန်းများအား တရား၀င် ဒီမိုကရေစီအစိုးရ၏ ထိန်းကျောင်းမှုအောက်သို့ ရောက်ရှိအောင် ပြင်ဆင်နိုင်ခဲ့သည်။ ထို့နည်းတူ ၂၀၀၉ မှစ၍တစ်ကျော့ပြန်စစ်ပွဲဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) and NRPC တို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြသည့် အချိန်ကာလ တစ်ခု ဖြစ်ခဲ့သည်။ ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းပေါင်း ၅ ထောင်ကျော်မှ ၈၀၀ ကျော်အထိ လျော့ချနိုင်ခဲသည့် အစိုးရတစ်ရပ်အဖြစ်လည်း (INGO) ကမ္ဘာ့အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကြား ရေပန်းစားလုပ်ကိုင်နိုင်သည့် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ အထူးသဖြင့် မြန်မာပြည်သူလူထုမလိုလားသည့် မြစ်ဆုံရေကာတာ စီမံကိန်းကို အဆုံးသတ်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသားများစွာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ နိုင်ငံရေးပါတီလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်စေခဲ့သည်။ တိုင်းရင်းသား လက်နှက်ကိုင် အဖွဲ့အစည်းများနှင့်လည်း သင့်တင့်မျှတစွာ စည်းရုံးနိုင်ရုံမျှမက တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့နှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ၂၀၁၀ မှ ၂၀၁၅ အတွင်း စစ်အာဏာရှင်များမှ ဒီမိုကရေစီ သို့ အသွင်ကူးပြောင်းရေး နိဒါန်းအဖွင့်ကို လှပစွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် အချိန်ကာလ တစ်ခုဖြစ်သည်ဟု မှတ်ချက်ပြုရ မည် ဖြစ်သည်။
၂၀၁၅ နို၀င်ဘာလ ရွေးကောက်ပွဲအလွန်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီမှာ တစ်နိုင်ငံလုံး သောင်ပြိုကမ်းပြို ရွေးကောက်ပွဲနိုင်ကာ အစိုးရအသစ်တစ်ရပ်ပေါ်ထွက်လာခဲ့သည်။ နို၀င်ဘာလ ၃၀ ရက်နေ့ မတ်လတွင် ၀န်ကြီးဌာန ၂၁ ခု၌ ၀န်ကြီး ၁၈ ဦးကို ရွေးချယ်ခဲ့ပြီး ကျန်ရှိသည့်၀န်ကြီးဌာန ၄ ခုကို ဒေါ်အောင်ဆန်းစုကြည်မှ ကိုင်တွယ်ခဲ့သည်။ ၀န်ကြီးဌာနများ ပြုပြင်ပြောင်းလဲ မှု လုပ်ဆောင်ရာတွင် ပါတီ၀င်များနှင့် ကျွမ်းကျင်ပညာရှင်အချို့ကို ၀န်ကြီးအဖြစ် ခန့်အပ်အမှုထမ်းစေပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကိစ္စကို ဦးစားပေးစတင်လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအားဖြင့် နိုင်ငံတော်အရွေ့တစ်ခုကို စဥ်းစားခဲ့ကြသော်လည်း အမှန်တကယ်တွင် စစ်တပ်၏ ကြိုးကိုင်ချယ်လှယ်မှုကို လွန်ဆန်၍ မရနိုင်ခဲ့ပေ။ NLD ၏ လမ်းပြမြေပုံတွင် ပထမဦးဆုံး ပါရှိသည့် ငြိမ်းချမ်းရေး ခေါင်းစဥ် အောက်တွင် ပင်လုံညီလာခံကို ကျင်းပခဲ့သော်လည်း စစ်ကောင်စီဘက်ကို အလေးပေးပြောကြားသည့် စကားရပ်များနှင့် တိုင်းရင်းသားလက်နှက်ကိုင်ခေါင်းဆောင်များအား အထင်မြင် ကျဥ်မြောင်းမှုအပေါ် ရလာဒ်ကောင်းများ မထွက်ပေါ်ခဲ့ဖြစ်ကြောင်းတွေ့ရှိသည်။ ဗဟိုကျောင်းသားသမ္မဂ မှ ကျောင်းသားများသည်လည်း ပညာရေးစနစ်၏ လွဲချော်မှုများကို တောင်းဆိုခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ အငြင်းပွါးဖွယ်ရာများ ကြုံတွေ့ခဲ့ရပြီး ဗကသ၊ တကသ ကျောင်းသားများအကြား အမြင် သဘောထားကွဲလွဲခဲ့ကြသည်။ ၂၀၁၆ ခုနှစ် သြဂုတ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံ ပထမ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး သဘော တူညီချက်များ မရှိခဲ့ဘဲ အစိုးရသစ်လက်ထက် စတင်ပြုလုပ်သည့် အဖွင့်ညီလာခံတခုအဖြစ်သာ မှတ်တမ်း ဝင်ခဲ့သည်။ သို့ရာတွင် ၂၀၁၇ မေလတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ−၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင်မူ အချက် (၃၇) ချက် ပါဝင်သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့ရာတွင် တပ်မတော်ဘက်က တင်သွင်းခဲ့သည့် “ခွဲမထွက်ရ” နှင့် “တစ်ခုတည်းသော တပ်မတော်” ဟူသည့် အကြောင်းအရာများကြောင့် ရသင့်သည့် အရေးကြီးသော သဘောတူညီချက်များ မရရှိခဲ့ပေ။ ၂၀၁၆ ခုနှစ် ရှမ်းမြောက်တွင် စစ်တပ်နှင့် ကချင်တိုင်းရင်းသား လက်နှက်ကိုင် ထိတွေ့တိုက်ပွဲတွင် KIA အား အကြမ်းဖက်သောင်းကြမ်းသူများအဖွဲ့အဖြစ် စတင်ထုတ်ပြန် ကြေငြာခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ၂၀၁၆ သြဂုတ်လတွင် ပထမအကြိမ်၊ ၂၀၁၇ မေလတွင် ဒုတိယအကြိမ်နှင့် ၂၀၁၈ သြဂုတ်လတွင် တတိယအကြိမ် ကျင်းပခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၁၃ တွင် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)တို့နှင့် NCA လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
၂၀၁၆ သြဂုတ် ၂၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ကိစ္စရပ်များကို ဖြေရှင်းရာတွင် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ၄င်းကော်မရှင်ကို ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရပြီး အောက်တိုဘာနှင့် ၂၀၁၇ သြဂုတ်လတို့အတွင်း အာဆာ(ARSA) အာရကန် ရိုဟင်ဂျာလွတ်မြောက်ရေး အဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တော မြို့နယ်များအတွင်းရှိ နယ်ခြားစောင့်စခန်းများနှင့် တပ် မတော်စခန်းဌာနချုပ်တစ်ခုတို့ကို ဝင်ရောက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ၄င်းကိစ္စများဖြစ်ပွားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အစိုးရမှ အာဆာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီး စစ်တပ်မှလည်း ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့သည်။ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်က NCA လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်စေရေး အတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရန်ဟု ဆိုကာ တိုင်းစစ် ဌာနချုပ် နယ်မြေ ငါးခုတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၄ လကြာ ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့ပြီး ၄င်း အခြေအနေများ နောက်တွင်လည်း တစ်ကြိမ်လျှင် ၂ လစီဖြင့် ၂ ကြိမ် သက်တမ်းတိုးခဲ့သည်။ မြန်မာနိုင်ငံသည် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်သည်ဟု အစ္စလာမ် မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံ (OIC) များ ကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည်။ ၂၀၁၈ နိုဝင်ဘာ ၁၉ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို ထပ်မံတိုးချဲ့ဖွဲ့ စည်းခဲ့ပြီး ဝန်ကြီးအဖြစ် ဦးသောင်းထွန်းကို ခန့်အပ်ခဲ့ကာ ၎င်း၏ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ဦးမင်းသူကို အစားထိုးခန့်အပ်ခဲ့သည်။ သို့ဖြစ်၍ NLD အစိုးရအဖွဲ့ စတင်ဖွဲ့စည်းချိန်တွင် ဝန်ကြီးဌာန ၂၁ ခု ဖြင့် စတင်ဖွဲ့စည်းခဲ့ရာမှ ဝန်ကြီးဌာန ၂၅ ခု၊ ဝန်ကြီး ၂၅ ဦး၊ ဒုဝန်ကြီး ၂၀ ဦးဖြင့် အစိုးရယန္တရားများကို လည်ပတ်နေသည်။ ထိုအမှုအတွက် ပထမအကြိမ် ကြားနာမှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်၍ သွားရောက် ဖြေရှင်းခဲ့သည်။ ထိုစဥ်အချိန်က စစ်တပ်၏ အာမခံကိုယ်စားလှယ်တစ်ဦးအနေဖြင့် ထင်ပေါ်ကျော်ဇောခဲ့သေးသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုမြင့်တက်နေသော်လည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NlD) ကပင် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရခဲ့သည်။ သို့ရာတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ကိုးခုအပါအဝင် နိုင်ငံတဝန်း မြို့နယ် ၁၅ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။ ထို့အပြင် ကိုဗစ်ကာလအတွင်း စစ်တပ်နှင့် ပက်သက်သည့် အရှုံးပေါ်သည့်ကုမ္ပဏီ ၁၃၂ ကို အမေရိကန် ဒေါ်လာ ၅ သန်းနီးပါးခန့် ချေးငွေအဖြစ် ထုတ်ချေးစေခဲ့သည်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။
Comments