ပါဂျောင်မီဒီယာ
မေလ ၊ ၁၃ ရက် ၊ ၂၀၂၄ ခုနှစ်
ပူတာအို ဒုတ္တန်ရပ်ကွက်(၂) နေ အသက်(၁၅)နှစ်အရွယ် မိန်းကလေး မဂွမ်ရိန်ဒူနော် ကို မဒိန်းကျင့် သတ်ဖြတ်သွားသည့်တရားခံဖမ်းဆီးရမိပြီး တရားခံကို ထိရောက်စွာ အရေးယူဆောင်ရွက်မှု များ လုပ်ဖို့ ပူတာအိုဒေသခံ (၅၀၀၀) ဝန်းကျင်က မေ (၁၃) ရက်နေ့တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်နေကြပါတယ်။
မဂွမ်ရိန်ဒူနော် ကို မဒိန်းကျင့် သတ်ဖြတ်သွားသူ ဟာ အသက် (၂၄) နှစ်အရွယ် ကိုကျော်သူရ ဆိုသူဖြစ်ပြီး မန္တလေးကနေ ပူတာအိုမှာ စတီးသံပန်းနဲ့ ပရိဘောဂဆိုင်မှာ အလုပ်လာရောက်လုပ်ကိုင် နေသူဖြစ်ကြောင်းနဲ့ မေ (၁၂) နေ့ မှာ ဖမ်းမိပြီး ရဲလက်ထဲ အပ်လိုက်ပြီဖြစ်ကြောင်း ပူတာအိုဒေသခံတွေ ပြောဆို ရာမှ သိရပါတယ် ။
တရားခံက မုဒိန်းကျင့် သတ်ဖြတ်တဲ့ အပြင် လက်ကိုင်ဖုန်းကိုပါယူသွားတာဖြစ်ပြီး၊ ဖုန်းဆိုင်မှာ လာရောင်းရာကနေ တစ်ဆင့် ခြေရာခံမိကာ ဖမ်းဆီးလိုက်နိုင်တာ ဖြစ်ကြောင်းလည်း သိရပါတယ်။
"မဂွမ်ရိန်ဒူနော်က အခင်းဖြစ်တဲ့ညနေပိုင်းမှာ ဆီ၀ယ်ဖို့သွားလိုက်တာ ညနက်တဲ့အထိ အိမ်ကိုမပြန်လာတာနဲ့ မိဘတွေ၊အိမ်နှီးချင်းတွေက ရှာတာ မုဒိန်းကျင့်ပြီးရက်ရက်စက်စက်သတ်ဖြတ်ခံထားတာကို တွေ့တယ်လို့ ပြောကြတယ်" ဟုဆိုတယ်။
မဂွမ်ရိန်ဒူနော် လူမဆန်စွာ သတ်ဖြတ်ခံရမှုသည် မိမိတို့ဌာနေ ရဝမ်တိုင်းရင်းသားများ နေထိုင်သော ပူတာအို မြို့မှာ ပထမဆုံးခြောက်ခြားဖွယ်သက်ငယ်မုဒိန်းမှုနှင့် အရက်စက်ဆုံးလူသတ်မှုဖြစ်သည်၊ ရဝမ်လူမျိုးများ၏ ဂုဏ်သက္ခာကို ထိပါးစော်ကားသည်သာမက ဌာနေ တိုင်းရင်းသား အနာဂတ်မျိုးဆက်သစ်များ၏ အသက်နှင့်ခန္ဓာ၊သိက္ခာလုံခြုံမှု ကင်းမဲ့ခြင်းကို ဖော်ပြနေသော ဖြစ်ရပ်ဖြစ်သည်၊ ထို့ကြောင့် ပြစ်မှု ကျူးလွန်သော တရားခံကို သက်ဆိုင်ရာတာဝန်ရှိသူများ မှ ထိရောက်စွာ ပြစ်ဒဏ်စီရင် ပေးရန် နှင့် သက်ငယ်မုဒိန်းမှုအားနိုင်ငံတကာ ရဝမ်အမျိူးသားလူထုတစ်ရပ်လုံးမှ ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်း ပြည်ပရောက် ရဝမ်လူမျိုး အဖွဲ့အစည်း (၅) ခုမှလည်း မေ (၁၁) ရက်နေ့ မှာ ပူးတွဲ သဘောထား ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ထိုသို့ဖြစ်ရပ်ဆိုးမျိုးပူတာအိုဒေသတွင်နောက်နောင်ထပ်မံမြဖစ်ရန်ပြည်သူများဝိုင်းဝန်းကာကွယ်ရေးအတွက် မ ဂွမ်ရိန်ဒူနော်၏ ရုပ်ဂလပ်ကို မေလ ၁၃ ရက်နေ့ ၁၀:၀၀ နာရီချိန်တိတိတွင် မြို့ပတ်လမ်းလျှောက် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်းလည်း သိရပါတယ်။
သတင်း - မလိခူး
Comments