အပစ်ခတ်ရပ်စဲရန်ထုတ်ပြန်ထားသည့် နောက်ဆုံးရက်စွဲများအထိ ဗန်းမော်မြို့တွင် စစ်ကောင်စီမှ နေ့စဉ်မပြတ်ပစ်ခတ်တိုက်ခိုက်နေ
- Pajau Media
- 10 hours ago
- 1 min read
ပါဂျောင်မီဒီယာ။
၂၂ရက်၊ဧပြီ၊၂၀၂၅။

မြန်မာနိုင်ငံတွင်းငလျင်ဘေးသင့်နေချိန် မြန်မာ့နှစ်သစ်ကူးသကြင်္န်အချိန်အခါတွင် ဧပြီ ၂၂ ရက်နေ့ထိ နှစ်ဖက်အပစ်ခတ်ရပ်စဲရန်ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်များသည် ဧပြီ ၂၁ နေ့ထိဗန်းမော်မြို့တွင် လေကြောင်း၊လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။
ဧပြီ ၂၁ ရက်နေ့ ညနေ ၃နာရီအချိန်ခန့်တွင် ဗန်းမော်မြို့ကို လေကြောင်းဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ကြောင်း၊ ညနေ ၅ နာရီအချိန်ခန့်တွင် လက်နက်ကြီး၊ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်းကို ရှေ့တန်းသတင်းရင်းမြစ်များမှသိရသည်။
ကချင်ပြည်နယ်တွင် KIA ဘက်မှ အပစ်ခတ်ရပ်စဲထားပြီး ဧပြီ ၂၂ ရက်ထိထိုးစစ်ဆင်တိုက်ခိုက်မှုမရှိသော်လည်း ဧပြီ ၂၃ ရက်မှစ၍ စစ်ရေးအခြေနေ မည်ကဲ့သို့အပြောင်းအလဲရှိလာမည်ကိုမသိရှိနိုင်ပဲ ဒေသတွင်းပြည်သူများပြောကြားသံအရ မြို့ပြကြီးနေရာများထိပါ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်းပြောဆိုနေကြသည်။
လက်ရှိမြို့ပြနေရာများတွင်နေထိုင်နေကြသောပြည်သူများသည်လည်း အချိန်တိုင်းပြင်ပြင်ဆင်ဆင်သတိထားနေထိုင်ရန်လိုအပ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများကပြောဆိုနေကြပြီး အချိန်မရွေး နေရာမရွေး လေကြောင်းတိုက်ခိုက်မှုကိုသတိထားကြရန်ပြောသည်။ စစ်မြေပြင်နှစ်ဖက်မှာလည်း အပစ်ခတ်ရပ်စဲရန်ထုတ်ပြန်ထားသည့် ဧပြီ ၂၂ ရက်သည်နောက်ဆုံးရက်ဖြစ်ကြောင်းလည်းသိရသည်။
သးတင်း-ပီလမ့်အူ
Comentarios