ပါဂျောင်မီဒီယာ
၁၂၊ ၈၊ ၂၀၂၄။
![](https://static.wixstatic.com/media/c187ce_011003c679924a929387a58a75a04764~mv2.jpg/v1/fill/w_980,h_551,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_011003c679924a929387a58a75a04764~mv2.jpg)
ပူတာအိုမြို့နယ်တွင် းဇူလှိုင်လကတည်းကပင်ဖုန်းလှိုင်းနှင့်အင်တာနက်လှိုင်းများဖြတ်တောက်ခံထားရသည်ဖြစ်၍ဒသအတွင်းဆက်သွယ်မှု အခက်အခဲများကြုံတွေ့နေကြရကြောင်း၊လမ်းပမ်းဆက်သွယ်ရေးသည်လည်းပြန်လည်ပိတ်ဆို့ထားလိုက်ခြင်းကြောင့်ဒေသအတွင်း ကုန်ဈေးနှုန်းများနေ့စဉ်မြင့်တက်လျှက်ရှိနေကြောင်းဒေသခံပြည်သူများထံမှသိရှိရသည်။
မြစ်ကြီးနား-ပူတာအိုကားလမ်းကိုနှစ်ဖက်တိုက်ပွဲများပြင်းထန်လာခဲ့သည့် မတ်လ ကတည်းကတစ်ကြိမ်သုံးလခန့်ပိတ်ခဲ့ပြီးနောက်ဒေသအတွင်းအခက်ခဲပေါင်းစုံကြုံတွေခဲ့ကြရပြီးနောက် ဇွန်လအလယ်ခန့်တွင်လမ်းကြောင်းပြန်ဖွင့်ပေးခဲ့သော်လည်းဇူလှိုင်လဆန်းပိုင်းမှာပင်ဆိုးရွားသည့်ရာသီဉတုများကြောင့်ပြန်လည်ပိတ်ဆို့ခဲ့ကြောင်းဆိုသည်။
ယခုလက်ရှိအချိန်တွင်ပူတာအို-မြစ်ကြီးနားလမ်းပိုင်းတွင်စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ရှိနေဆဲဖြစ်၍လမ်းပြုပြင်မည့်အဖွဲ့အစည်းများသည်လည်းသွားရောက်ပြင်ဆင်နိုင်ခြင်းမရှိသောကြောင့်လမ်းကြောင့်ပိတ်သည့်ကာလကြာရှည်နိုင်ကြောင်းလည်းသိရှိရသည်။
"ဆွမ်ဘရာဘွမ်ကနေပူတာအိုအထိတော့ကားလမ်းပေါက်တယ်လို့ပြောလို့ရတယ်၊ ဒါပေမယ့်ဆွမ်ဘရာဘွမ်နဲ့မြစ်ကြီးနားကြားမှာတော့သွားလို့မရနိုင်တဲ့နေရာတွေအများကြီးကျန်နေသေးတယ်။လမ်းပြင်မယ့်အဖွဲ့တွေကလည်းတိုက်ပွဲတွေဆက်တိုက်ရှိနေတော့မသွားနိုင်ကြသေးဘူးလေ။ လမ်းဖွင့်တာတောင်မကြာလိုက်ဘူးပြန်ပိတ်သွား တော့ကုန်ဈေးနှုန်းတွေကအရင်လမ်းပိတ်တဲ့သုံးလအတွင်းလောက်ကိုပြန်တက်တာ့မယ့်အခြေအနေဖြစ်နေပြီ" ဟုပူတာအိုမြို့ခံကုန်ကားသမားတစ်ဦးကဆိုသည်။
လက်ရှိအချိန်အထိပူတာအိုမြို့နယ်အတွင်းဖုန်းလှိုင်း၊အင်တာနက်လှိုင်းဖြတ်တောက်ထားသည်မှာလည်းတစ်လခန့်ရှိနေပြီဖြစ်၍ဆက်သွယ်ရေးအခက်အခဲများကြုံတွေ့နေကြရကြောင်းဆိုသည်။
သွားလာဆက်သွရေးလမ်းကြောင်းအဖြင့်လေကြောင်းလှိုင်းတစ်ခုတည်းသာရှိနေပြီဖြစ်၍ကုန်ဈေးနှုန်းများလည်းနေ့စဉ်မြင့်တက်နေဆဲဖြစ်နေသည်ဟုဆိုသည်။
ပူတာအိုမြို့အတွင်းယခုသတင်းပတ်အတွင်း ဆန်တစ်အိတ်လျှင်ကျပ်သုံးသိန်းအထိ၊ စက်သုံးဆီတစ်လီတာလျှင်ကျပ်လေးသောင်း၊ဆားတစ်ထုပ်(၅၀ကျပ်သား)လျှင်ကျပ်သုံးထောင်အထိမြင့်တက်နေပြီဖြစ်ကြောင်းသိရှိရသည်။
သတင်း-မလိခူး
Comments