top of page

အင်းတော်တိုက်ပွဲကြောင့် ခေတ္တပိတ်ပင်ခဲ့သည့် မန္တလေး-မြစ်ကြီးနားကားလမ်းအားပြန်လည်ဖြတ်သန်းသွားလာခွင့်ပြု

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၈ရက်၊ဇန္နဝါရီ၊၂၀၂၅။




ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ် အင်းတော်မြို့တွင် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြစ်ကြီးနား-မန္တလေး ကားလမ်းအခြေအနေပိုမိုတင်းကြပ်လာကြောင်း ကားသမားများထံမှ သိရသည်။


"လောလောဆယ်တော့ လမ်းပိတ်တာမရှိဘူး။ ပုံမှန်သွားလာလို့ရတယ်။ ဒါပေမဲ့ လမ်းတွေမှာ ဂိတ်တွေများတော့ စစ်ဆေးတာတွေရှိတယ်။ အရင်ထက် ပိုစစ်ဆေးလာတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။


ယမန်နေ့ ဇန္နဝါရီလ ၂၇ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်တိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေးလမ်းအား ခေတ္တယာယီ ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့ပေမယ့် ယနေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး၊ ယခင်ထက် စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် မြစ်ကြီးနား-မန္တလေးသွား ကုန်ကားများနှင့် ခရီးသည်ပို့ဆောင်ဆက်သွယ်ရေးများ ပုံမှန်သွားလာနိုင်သော်လည်း တစ်ဖက်တွင် စစ်ဆေးရေးဂိတ်များ ပိုမိုများပြားတင်းကြပ်ကာ လမ်းသွားလမ်းလာပြည်သူများနှင့် ခရီးသည်များအား စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်လျှက်ရှိနေသည်။


မြစ်ကြီးနား-မန္တလေးကားလမ်းအား ဖြတ်သန်းသွားလာခွင့် ပြန်လည်ပိတ်ပင်ပါက ကချင်ပြည်နယ်တွင် ကုန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ကြောင်းနှင့် စက်သုံးဆီများ ပြန်လည်ပြတ်လပ်လာနိုင်သဖြင့် ပြည်သူများက စိုးရိမ်နေကြသည်။


KIAပူးပေါင်းတပ်များက အင်းတော်မြို့တွင်းရှိ ရဲစခန်းအပါအဝင် ကာကင်းစခန်းများကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ကျန်တပ်စခန်းများကို လက်ဆက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိရာ စစ်ကောင်စီတပ်ဘက်မှလည်း လေကြောင်း၊ ဒရုန်း နှင့် လက်နက်ကြီးများဖြင့် ခုခံတိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။


သတင်း - ဖရိန်း


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page