ပါဂျောင်မီဒီယာ။
၁၆ရက်၊ဒီဇင်ဘာ၊၂၀၂၄။
အင်းတော်ကြီးဒေသ၊ မမုံကိုင်ရွာတွင်မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေကြပြီး အာဏာပိုင်များက အရေးယူခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။
မမုံကိုင်ရွာနှင့် နှစ်ဆင့်ကွေ့တောင်တွင် ဘိန်းခန်းများကို ပေါ်တင်ဖွင့်ထားသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိကြောင်းကို...
"မနှစ်ကဆို ဘိန်းခန်းက နှစ်ဆင့်ကွေ့တောင်မှာ ဘိန်းခန်းတခုဘဲရှိတာ၊အခုဆိုရင် ရွာထဲမှာတောင် မူးယစ်ဆေးရောင်းတဲ့အိမ်က ( ၄)အိမ်တောင်ရှိလာပြီ၊ ဖမ်းတာဘာညာလဲမရှိဘူး၊ ရောင်းတဲ့သူပေါသလို ဆေးသမားက တစ်အိမ်တစ်ယောက်ဖြစ်လာပြီ၊"လို့ အသက်၄၇နှစ်အရွယ် ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။
ဘိန်းခန်းများဖွင့်ထားသည်မှာ (၂)နှစ်နီးပါးရှိလာပေမယ့် ဖမ်းဆီးအရေးယူခြင်းများ မရှိသည့်အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပိုမိုကျယ်ပြန့်လာနေပြီး မူးယစ်ဆေးဝါးသုံးစွဲသူ ပေါများလာခြင်းကြောင့် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်လာပြီး အိမ်ထောင်ရေးပြသနာများလည်း ရှိလာကြောင်းရွာခံများကပြောသည်။
ဒေသအာဏာပိုင်များသည် မူးယစ်ဆေးဝါးပြဿနာကို သေချာကိုင်တွယ်ခြင်းမရှိပဲ ဂိတ်ထိုင်၍အခွန်ကောက်ခြင်းနှင့်ရွှေကျင်းများကို အခွန်ကောက်ခြင်းများသာ လုပ်ဆောင်နေကြကြောင်း ဒေသခံများကပြောသည်။
သတင်း - ကချင်ပြည်သား
Comments