ပါဂျောင်မီဒီယာ။
၉ရက်၊ဒီဇင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_348ab04bfdfe4a6eb69dcf5829664324~mv2.jpg/v1/fill/w_780,h_470,al_c,q_85,enc_auto/c187ce_348ab04bfdfe4a6eb69dcf5829664324~mv2.jpg)
အကြမ်းဖက်နှိမ်နင်းရေးနှင့် ပြည်သူ့ကာကွယ်ရေးခေါင်းစဉ်ဖြင့် ပူဝာာအိုမြို့နယ်နှင့်မချမ်းဘော့မြို့နယ်ကျေးရွာအုပ်စုများတွင် အသက်၃၀ အထက်အမျိုးသားများကို ကျေးရွာအုပ်စုတစ်စုမှ အနည်း ဆုံး၃ ဦး မတက်မနေရ အမိန့်ဖြင့်သင်ကြားပေးလျှက်ရှိရာ ပထမ အပတ်စဥ်ကစီးသွားပြီး ဒုတိယအပတ်စဥ်ကို စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။
သင်တန်းပထမအပတ်စဉ်ကို နိုဝင်ဘာလအတွင်းအချိန် ၂ပတ် ဖြင့်ပြုလုပ်ပြီးစီးခဲ့ပြီးသင်တန်းသားစုစုပေါင်း(၆၈)ဦးတက်ရောက်ခဲ့ကြောင်း၎င်းသင်တန်းတက်ရောက်ခဲ့သူတစ်ဦးကရှင်းပြသည်။
"သင်တန်းကတော့ ခလရ (၄၆)တပ်ရင်းကဦးစီးပြီးသင်ကြားပို့ချပေးတယ်၊ စစ်သင်တန်းပါပဲ ဒါပေမယ့်သေနတ်တော့ပေးမကိုင်ဘူး၊ငါတို့ကိုကြတော့ကျေးရွာအုပ်စုအလိုက်နာမည်တပ်ပြီးခေါ်တော့သွားတက်ပေးရတယ်။သင်တန်းထဲကနေထွက်ပြေးသွားတဲ့လူတွေလည်းအများကြီးပဲ။သူတို့ပြောတာကျတော့ ရှေ့တန်းသွားခိုင်းဖို့အတွက်မဟုတ်ဘူးကိုယ့်ဒေသထဲမှာဒေသကာကွယ်ဖို့နဲ့အကြမ်းဖက်နှိမ်နှိင်းရေးအတွက် လိုအပ်ရင်လိုအပ်သလိုပူးပေါင်းဆောင်ရွက်နိုင်ဖို့လို့ပြောတယ်။အခုခေတ်ကသူခိုး၊ဓါးပြတွေလုယှက်မှုတွေပေါလာတယ်ဆိုတော့အဲ့ဒါတွေကာကွယ်တားမြစ်နိုင်ဖို့အတွက်လို့ပြောတယ်" ဟုဆိုသည်။
သင်တန်းကာလ၂ပတ် ပြီးမြောက်သွားသည်နှင့်မိမိနေရပ်သို့ပြန်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း၊မိမိဒေသတွင်ထူးခြားမှုတစ်ခုခုနှင့်အကြမ်းဖက်မှုများရှိလာပါကသတင်းပို့ပေးရန်ညွှန်ကြားထားကြောင်းသိရသည်။
သင်တန်းဆင်းများကို ယူနီဖောင်းအနေဖြင့် မရိမ်းဝတ်စုံထုတ်ပေးခဲ့ကြောင်းနှင့်ဒုတိယသင်တန်းအပတ်စဉ်ကိုဒီဇင်ဘာလအတွင်းပြုလုပ်သွားမည့် အစီအစဉ်ရှိနေကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ဒေသအတွင်းအမျိုးသားများ အသက်ပြည့်လူငယ်များသည်လည်းနာမည်တပ်၍ခေါ်ခံရနိုင်သည့်အခြေအနေကြောင့် စိုးရိမ်ပူပန်နေကြရသည်ဟုသိရှိရသည်။
သတင်း- မလိခူး
Bình luận