ပါဂျောင်မီဒီယာ
၁၂၊ ၉၊၂၀၂၄။

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီအာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်စီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data for Myanma၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁ခုနှစ်တွင် အရပ်သားနေအိမ် ၂,၁၁၁လုံး၊ ၂၀၂၂ခုနှစ်တွင် ၄၆၈၅၆လုံး၊ ၂၀၂၃ခုနှစ်တွင် ၃၁၄၈၄လုံးနှင့် ၂၀၂၄ခုနှစ် ဇူလှိုင်လကုန်အထိ ၂၁၀၁၂လုံး ပျက်စီးဆုံးရှံးခဲ့ပြီး၊ လအလိုက် ပျက်စီးခံရမှုအခြေအနေကို ကြည့်ခြင်းအားဖြင့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် အများဆုံးဖြစ်ခဲ့ပြီး နေအိမ် ၁၀၅၆၂လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကိုင်းတိုင်းဒေသသည် နေအိမ်မီးရှို့ပျက်စီးဆုံးရှုံးခဲ့သည့် မြို့များတွင် အများဆုံးနှင့် အဆုံးဆုံးဒေသအဖြစ် တွေ့ရပြီး၊ ရာခိုင်နှုန်းအားဖြင့် ၇၂ရာခိုင်နှုန်းအထိ ပိုများကြောင်း တွေ့ရသည်။
လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည့်အပြင် မြို့သိမ်းတိုက်ပွဲဆင်နွှဲသည့် မြို့ရွာဒေသများနှင့် တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့် ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
ဒေသခံများမှာ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုကြောင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာမှာ ထိခိုက်နစ်နာမှုများရှိခဲ့သလို အချို့ဒေသခံများမှာ နေရပ်မပြန်နိုင်သေးပဲ တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း Data for Myanmar ၏ ဖော်ပြချက်အရ သိရသည်။
Commenti