top of page

ဝိုင်းမော်-လိုင်ဇာ မိန်းလမ်းပေါ်ရှိ စာသင် ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထားရ

Writer's picture: Pajau MediaPajau Media

Updated: Jan 19, 2024

ပါဂျောင်မီဒီယာ



ဝိုင်းမော်-လိုင်ဇာ မိန်းလမ်းပေါ်ရှိ ရွှေညောင်ပင် ကျေးရွာတွင် စစ်ရေးအခြေအနေ တင်းမာလာခြင်းကြောင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထားလိုက်ရသည်ဟု ရွှေညောင်ပင်ကျောင်းမှ ဆရာမတစ်ဦး ပြောပြချက်အရ သိရသည်။


ပြီးခဲ့သည့် ဒီဇင်ဘာ၁၅ရက်နေ့မှစ၍ ပိုမိုတင်းကြပ်လာသော စစ်ရေးပဋိပက္ခများကြောင့် ရွှေညောင်ပင်ကျေးရွာအတွင်းရှိ စာသင်ကျောင်းများ အလျှင်အမြန် ပိတ်ထားခဲ့ရသည်ဟု ရွှေညောင်ပင်မှ အလယ်တန်းပြ ဆရာမတစ်ဦးက ပါဂျောင်မီဒီယာသို့ ယခုလို ပြောပြသည်။


“အခြေအနေမကောင်းတော့ ရွှေညောင်ပင်၊ အောင်မြေ(၂)၊ အောင်မြေ(၁) ကျောင်းတွေ အားလုံးပိတ်လိုက်ရတယ်။ဘယ်လောက်ကြာမလဲ မသိဘူး။” ဟုပြောသည်။


ဒီဇင်ဘာ ၁၅ရက်နေ့၌ ရွှေညောင်ပင်ကျေးရွာအနီးရှိ ဘော်ဆာဒီးရွာဘက်မှ ပြည်သူ့စစ်စခန်း သိမ်းခံရပြီးနောက် နှစ်ဖက်တပ်ဖွဲ့များ စစ်ရေးတင်းမာလာခြင်ကြောင့် ဒေသခံများ စိုးရိမ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး၊ တစ်ဆက် တည်းမှာပင် စာသင်ကျောင်းများလည်း အလျှင်အမြန် ပိတ်ထားလိုက်ရကြောင်း ဆိုသည်။


ထို့ကြောင့် ရွှေညောင်ပင်ကျေးရွာမှ မိဘပြည်သူများမှာ စာသင်ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထားလိုက်ရခြင်းကြောင့် မိမိကလေးငယ်များ၏ ပညာရေးအတွက် စိုးရိန်ပူပန်မှုများ ရှိနေသည်ဟု ဆိုသည်။


လက်ရှိအချိန်တွင် စစ်ရှောင်များမှာ ဝိုင်းမော်မြို့အတွင်းရှိ နီးစပ်ရာ အသိမိတ်ဆွေများ၊ ဆွေမျိုးများ၊ ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။


လူမရှိ အိမ်တစ်ချို့မီးရှို့ခံရတယ်။ ဒါကြောင့် တစ်အိမ်တစ်ယောက် အစောင့်ချန်ပြီး အိမ်ကို စောင့်ကြည့်တယ်။ ကျန်မိသားစုများ အားလုံး နေရပ်စွန်ခွာစစ်ရှောင်နေရတယ်။” ဟု လက်ရှိကျေးရွာအတွင်းရှိ အခြေအနေကို ဒေသခံတစ်ဦးမှ ထပ်မံဖြည့်စွက်ပြောဆိုထားပါသည်။




ယခုတိမ်းရှောင်နေသူ အများစုသည် ပြည်သူ့စစ်တပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးတင်းမာမှုကြောင့် သော်လည်းကောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ မိမိပတ်ဝန်းကျင်အနီး ကျရောက်၍ သော်လည်းကောင်း စိုးရိမ်ကြောက်လန့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။


နှစ်ဖက်တပ်ဖွဲ့များ၏ စစ်ရေးတင်းမာမှုကြောင့် လက်နက်ကြီးပစ်ခတ်သံများ၊ ပေါက်ကွဲသံများကို ယမန်နေ့ည ဒီဇင်ဘာ၁၉ရက်နေ့အထိ ဆက်တိုက်ဆိုသလို ကြားနေရပြီး၊ ဝိုင်းမော်ဒေသခံများလည်း စိုးရိမ်မှုများ ရှိနေကြသည်ကို ကြားသိရပါသည်။


သတင်း - လေပြည်



Comments


Pajau Media

Thanks for subscribing!

bottom of page