top of page

ဝိုင်းမော်၊ ခါနန်စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲပြီး၊ လည်ချောင်းနာ၊ ငှက်ဖျား ဖျားနာသူ များပြားလာနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၈ ၊ ၉၊၂၀၂၄။



ဝိုင်းမော်မြို့၊ လမြန်ကျေးရွာအနီးတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ခါနန်စစ်ရှောင်ပြည်သူများသည် ယခုရက်ပိုင်းအတွင်း လည်ချောင်းနာပြီး ငှက်ဖျား ဖျားနာသူတွေ များပြားလာသည့်အပြင် ဆေးဝါးနှင့် စားနပ်ရိက္ခာ မလုံလောက်သည့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု စစ်ရှောင်များက ပြောသည်။


“ခုတလောက ငှက်ဖျား ဖျားတဲ့သူတွေကို အရမ်းများတယ်။ စခန်းအတွင်း ငှက်ဖျားမဖြစ်တဲ့သူတွေ မရှိသလောက်ဖြစ်သွားတယ်။ ငှက်ဖျားဖြစ်ပြီး နောက်ပိုင်းတော့ လည်ချောင်းနာပြီး ဖျားတဲ့သူတွေ ပြန်များလာတယ်။ တစ်ချို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဝိုင်းမော်ပြည်သူ့ဆေးရုံကို သွားရောက်ကုသကြတယ်။” ဟု ခါနန်စစ်ရှောင်တစ်ဦးက ပြောသည်။


လက်ရှိ ခါနန်စစ်ရှောင်ပြည်သူများမှာ ဖျားနာသူများပြားပြီး စားနပ်ရိက္ခာ မဖူလုံသည့် အခက်အခဲဖြင့် ကြုံတွေ့နေရပြီး၊ တောင်ယာ၊ လယ်ယာလုပ်ငန်းဖြင့်သာ စားဝတ်နေရေးအတွက် ဖြေရှင်းကြရသဖြင့် ယခုကဲ့သို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေစဉ် အဘက်ဘက်မှ ခက်ခဲနေခြင်းဖြစ်သည်ဟု ဆိုသည်။



“ဒီဘက်က လူမူကူညီရေး အဖွဲ့အစည်းတွေလည်း မရောက်ဘူး။ လူမှုကူညီရေးအဖွဲ့တွေလည်း ဒီဘက်က စစ်ကြောင်းတွေ အမြဲရှိနေတာဖြစ်လို့ သွားလို့မရဘူး။ အကူအညီလိုရင် မြို့တွင်းဘက်ကို ရှောင်ခိုင်းတယ်ဆိုတော့ ကျနော်တို့လည်း ထပ်ပြီးနေရာရွှေ့ပြောင်းဖို့က ခက်တယ်။ ခုတလောက အိမ်ထောင်စုအများပိုင်းက စားဖို့တောင်မရှိလာကြဘူး။ တစ်ခြားရွာတွေကနေ ဆန်လေးအိတ်ကူညီထားတယ်။ အဲ့ဆန်ကုန်ရင် ဘယ်လိုပြန်စီစဉ်ရမလဲ မပြောတတ်တော့ဘူး။” ဟု အထက်ပါစစ်ရှောင်က ပြောသည်။


ထို့အပြင် ဝိုင်းမော်၊ လမြန်ကျေးရွာ အနီးဝန်းကျင် ကျေးရွာအနီးရှိ ဒေသခံများလည်း ယခုနှစ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တောင်ယာ၊လယ်ယာ၊ စိုက်ပျိုးရေး စိုက်ခင်းများ မလုပ်နိုင်ပဲ စီးပွားမဖြစ်ထွန်းသဖြင့် စစ်ရှောင်အချင်းချင်း ကူညီစောင့်ရှောက်ရန်မှာ အခက်အခဲများစွာ ရှိနေသည်ဟု ဆိုသည်။


ထို့ကြောင့် လူမူကူညီရေး အဖွဲ့အစည်းများမှ ကူညီစောင့်ရှောက်မူကိုသာ အားကိုးအားထားခဲ့ရပေမယ့်၊ ဇူလှုင်လ ၂၁ရက်နေ့နောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဖုန်းအဆက်အသွယ်များအားလုံး ပြတ်တောက်ခဲ့သည့်အပြင် တိုက်ပွဲများပါ ပြင်းထန်းခဲ့သဖြင့် အဖွဲ့အစည်းများပါ မရောက်တော့ပဲ တစ်ပူပေါ်တစ်ပူဆင့် ခက်ခဲနေကြရသည်။


ဝိုင်းမော်ဒေသ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ အခြေချနေရာယူထားသည့် ဝူယန်ကျေးရွာနှင့် အနီးဝန်းကျင်အတွင်း လက်ရှိအချိန်ထိ ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်တပ်မှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page