ပါဂျောင်မီဒီယာ။
၁၃ရက်၊ဒီဇင်ဘာ၊၂၀၂၄။
မိုးညှင်းဆေးရုံကြီးတွင်လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် (ART) ဆေးထုတ်ယူရန်ခက်နေကြောင်း HIV ကူးစက်ခံထားရသူများထံမှသိရသည်။
(ART)ဆေးထုတ်ယူရန် အနည်းဆုံး (၁)လခန့်စောင့်ယူရပြီး တစ်ပတ်တွင်နှစ်ရက်သာ ဆေးထုတ်ပေးနေခြင်းကြောင့် ဆေးရယူရန်ခက်ခဲနေကြောင်းသိရသည်။
(ART)ဆေးအချိန်မှီမရရှိ၍ အသက်သေဆုံးတဲ့သူများရှိနေကြောင်းကို
"ဆေးထုတ်ဖို့စာရင်းသွင်းပြီး ဆေးရုံမှာ တန်းစီကြရတာ ၊အင်္ဂါနဲ့ဗုဒ္ဓဟူးနေ့ဘဲ ဆေးထုတ်ပေးတာ ၊မနက် ၁၀ နာရီကနေစပြီး နေ့လည် ၂ နာရီအထိဘဲဆေးထုတ်ပေးပေမယ့် နေ့လည်ထမင်းစားနားတာနဲ့ဘာနဲ့ဆိုတော့ ဆေးရဖို့ မလွယ်ဘူး၊အတူလာတန်းစီတဲ့သူတွေထဲကဆေး ထုတ်ဖို့စောင့်ရင်း သေသွားတာတောင်( ၅)ယောက်လောက်ရှိပြီ၊"လို့ (ART)ဆေးသောက်နေရသူတစ်ဦးမှပြောသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဆေးအလုံအလောက်ရနိုင်ခြင်းမရှိတော့သဖြင့် အောက်တိုဘာလတွင် (ART)ဆေးကို (၁)လစာပေးနိုင်သော်လည်း နိုဝင်ဘာနှင့်ဒီဇင်ဘာလများတွင် (၁၄)ရက်စာသာ ထုတ်ပေးနိုင်ခြင်းဖြစ်ကြောင်း (၂)နှစ် နီးပါး (ART)ဆေးသောက်သုံးနေရသည့် အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးမှပြောသည်။
မိုးညှင်းဆေးရုံ(ART)ဌာနတွင် တာဝန်ကျ နေသည့် ဆရာမတစ်ဦးပြောပြချက်အရ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဆေးအလုံအလောက်ရရှိမှုမရှိသဖြင့် (ART)ဆေးသောက်သုံးနေရသူများအား ဆေးကိုမျှ၍ပေးနေရခြင်းဖြစ်ကြောင်းသိရသည်။
HIV/AIDS ခုခံအားကျဆင်းရောဂါ ကူးစက်ခံထားရသောလူနာများသည် အချိန်မှီ( ART )ဆေးသောက်နိုင်မှသာ လူ့သက်တမ်းစေ့နေနိုင်မည်ဖြစ်ပြီး ဆေးသောက်ရက်ကို (၁)ရက်မှ မပြတ်အောင်အချိန်မှီထုတ်ယူသောက်သုံးရမည်ဖြစ်ကြောင်း အထက်ပါဆရာမ ပြောပြချက်ရသိရသည်။
သတင်း - ကချင်ပြည်သား
Comments