ပါဂျောင်မီဒီယာ
၅ရက်၊ဒီဇင်ဘာ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_11f7f88e781d4d0ab9a3d530ea1b5b4a~mv2.jpg/v1/fill/w_600,h_450,al_c,q_80,enc_auto/c187ce_11f7f88e781d4d0ab9a3d530ea1b5b4a~mv2.jpg)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်း ရာဒါ (ဘီ) မှာ ယမန်နေ့ည ၁၂း၀၀ ဝန်းကျင်၌လက်နက်ကြီး ကျ ရောက်ပေါက်ကွဲပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး အိမ်နှစ်လုံးပျက်စီးကာ လက်နက်ကျရောက်ပေါက်ကွဲသည့် အရှိန်ကြောင့် ဘေးအိမ်က ပါတင်းပေါက်မှန်တွေပါပျက်စီးသွားကြောင်းသိရသည်။
လက်နက်ကျရောက်ပေါက်ကွဲသည့်အိမ်တွေ မြေးဖြစ်သူက အိမ်အောက်ထပ်တွင်အိပ်နေတာပြီး၊ အိမ်ရှင်အဘိုးနဲ့အဘွားက အပေါ်ထပ် ဧည့်ခမ်းမှာ အိပ်နေချိန်ကျရောက်ပေါက်တာဖြစ်ကြောင်းနှင့်အိမ်ရှင်တွေ ဒဏ်ရာရတာမရှိပေမဲ့ ကပ်လျက်အိမ်ကတစ်ဦး လက်နက်စ ထိမှန်ဒဏ်ရာရတယ်လို့ အိမ်ရှင် ဦး တမှန်ဝမ်ဖုန်က ပြောသည်။
“ အိမ်မှာ သုံးယောက်ပဲနေကြတာဟုတ်တယ်၊ မြေးကတော့ အောက်ထပ်မှာအဘိုးနဲ့အဘွားက အပေါ်ထပ် ဧည့်ခမ်းမှာ ည သန်းခေါင် အိပ်ပျော်နေချိန်ဆို တော့ အရမ်းကြောက်လန့် အိမ်ရှေ့ဘက်လူမအိပ်တဲ့ခြမ်း ပျက်စီးသွားတယ်၊အိမ်ဘေးနားက တစ်ယောက်တော့ ထိတယ် ဝမ်းဗိုက်မှာ လက်နက်စ ဝင်သွားလို့ အခုဆေးရုံမှာ တစ်ဖက်အိမ်တခါးမှန်တွေ လည်းထိတယ် တော်တော်ပြင်းတယ်”ဟု ပြောသည်။
လက်နက်ကြီးထိမှန်သည့် အမျိူးသမီးနှင့် ပတ်သက်ပြီး ဘေးအိမ်က အသက်(၅၀) ကျော်အရွယ် အန်တီပြောတာကတော့”လက်နက်စ ဝမ်းဗိုက်ထဲဝင်သွားတာဆိုတော့ ခွဲထုတ်ရမယ်ပြောတယ်၊ အခုတော့မြစ်ကြီး နား ဆေးရုံမှာစိုးရိမ်ရတဲ့အခြေအနေလို့ ပြောတယ် ဘယ်လိုလဲတော့ မပြောတတ်သေးဘူး သွားမကြည့်ဖြစ်သေးတော့”
လက်နက်ကြီး နောက်တစ်လုံးကတော့ ရာဒါဘီ ဆေဂျီဘုရားကျောင်းဝန်းနား က လူမနေတော့သည့် အိမ်မှာ ကျရောက်ပေါက်ကွဲတာဖြစ်ပြီး ပေါက်ကွဲအရှိန်ကြောင့်ဘုရားကျောင်းဝန်းအတွင်းကဆရာများ နေအိမ် မျက်နှာကျက်၊ ပါးတင်းပေါက်၊ နံရံတွေ ပျက်စီးသွားတယ်လို့ အနီးအနားဒေသခံတွေ ပြောသည်။
မြစ်ကြီးနား မြို့အနီးတစ်ဝိုက်တွင် ည အချိန်မှာ နက်လက်ကြီး ပေါက်ကွဲသံ ဆက်တိုက်ကြားနေရတာ သုံးညလောက်ရှိလာပြီး လက်ရှိအခြေအနေကြောင့် ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ကချင်ပြည်နယ် ဗန်းမော်ဘက်မှာ ဒီဇင်ဘာ၄ နေ့မှစတင်ကာ KIA ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီ တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် နေရာတွေ မှာ လာရောက်ဗုံးကြဲလေ့ရှိသောကြောင့် လေကြောင်းရန်ကို သတိထားရန် လိုအပ်ကြောင်းတာဝန်ရှိသူများမှလည်း သတိပေးထားတာဖြစ်ပါတယ်။
Commentaires