top of page

လားရှိုး- ရမခ တိုင်းစစ်ဌာနချုပ် သိမ်းပိုက်သွားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း အတည်ပြုပြောကြား

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၅၊ ၈၊ ၂၀၂၄



ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ရမခ စစ်ဌာနချုပ်ကို ၁၉၇၂ ခု ဇူလိုင်လ ၂၇ ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စစ်ကောင်စီ၏ တတိယ အကြီးဆုံး စစ်တိုင်းဌာနချုပ်တစ်ခုလည်း ဖြစ်ခဲ့သည်။


မြန်မာနိုင်ငံတွင် စစ်တိုင်းဌာနချုပ် ၁၄ ခု ရှိသည့်အနက် အစဉ်အလာကြီးမားသော လားရှိုး - ရမခ စစ်တိုင်းဌာနချုပ်သည် “မုန်းခယ်မို”၊ “နေဝန်းနီ”စသည့် အမည်များဖြင့် တိုက်တိုင်းအောင် ကျော်ဇောနာမည်ရခဲ့သည်။

MNDAA သည် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ လားရှိုး- ရမခ စစ်တိုင်းဌာနချုပ်ကို ထိုးစစ်တိုက်ပွဲစတင်ကာ သြဂုတ်လ ၃ ရက်နေ့ တစ်လအကြာအတွင်အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။ MNDAA မှ ဆက်လက်ပြီး ရမခစစ်နယ်မြေအတွင်းရှိနေသော တန့်ယန်းမှ စစ်ကူလာသည့် စကခ ၁၂ တပ်ရင်းအချို့၊ နမ့်လန်တပ်ရင်းလက်ကျန်အချို့၊ ကျောက်မဲမှ စကခ ၂ နှင့် သီပေါမြို့၌ အချို့သော တပ်ဖွဲ့များကို လိုက်လံရှင်းလင်းလျှက်ရှိသည်။


၄င်းဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီ သတင်းအမှန်ပြန်ကြားရေး တာ၀န်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ “အရှေမြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက် တပ်ရင်း တပ်ဖွဲများအနေနဲ့ ရွပ်ရွပ်ချွံချွံ ရန်သူကို အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်အသီးသီးမှ မိသားစုဝင် အမျိုးသမီးများ၊ ကလေးငယ်များနဲ့ အရပ်သားများပါ ရှိနေတာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပက်သက်ပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ အချို့သောရဲမေများဟာ စစ်သည်များနဲ့အတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများနဲ့ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ ရမခမှ အရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ် ကွပ်ကဲပီး ကိုယ်တိုင်တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ ရမခ အရာရှိကြီးများနဲ့ ဩဂုတ်လ ညနေပိုင်း ၆ ခွဲအထိ ဆက်သွယ်မှု ရရှိခဲ့ပြီး ယခုအချိန်ထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီး အချို့ကို အကြမ်းဖက်သောင်းကြမ်းသူများက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။ ရမခ မှ အရာရှိ၊ စစ်သည်၊ ရဲမေ အားလုံးရဲ့ တိုင်းစစ်ဌာနချုပ်အားလုံးရဲ့ လားရှိုးနယ်မြေ၊ တပ်မတော်နဲ့ အမိနိုင်ငံတော်ကို တက်စွမ်းသမျှ ရွပ်ရွပ်ချွံချွံ ကာကွယ်ခဲ့တာကို အသိအမှတ်ပြု လေးစားပါတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ ရဲဘော်တို့အပေါ် ရဲဘော်စိတ်အပြည့်နဲ့ နိုင်ငံတော်နဲ့ ပြည်သူ အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ် “ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့သည်။


MNDAA မှ အမှတ်/၉ - ကုတင်၁၀၀ ဆေးရုံမှ ဒဏ်ရာရစစ်သားများနဲ့ တပ်မိသားစုအဝင် ၄၇၀ ဝန်းကျင်ခန့်နှင့် စစ်သုံ့ပန်း ၉၆၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ထားလျှက် ရှိသည်။ စစ်တိုင်းဌာနချုပ် တိုင်းမှူးနှင့် အချို့သော အရာရှိကြီးများ၊ ဒုဗိုလ်ချုပ်များ လွတ်မြောက်တိမ်းရှောင်နေစဲ ဖြစ်ကြောင်း သိရှိရသည်။


0 views0 comments

टिप्पणियां


Pajau Media

Thanks for subscribing!

bottom of page