top of page

လာမည့်ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အောင်လအင်ဆန်နှင့် တူရကီနိုင်ငံသား ရှမေးအာဒိုဂန်တို့ ပြန်လည်ထိုးသတ်သွားမည်

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၈ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။




သိုင်းပေါင်းစုံ(MMA) ကစားသမား ကချင်ဖိုက်တာကြီး အောင်လအင်ဆန်သည် လာမည့်ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် တူရကီနိုင်ငံသား ရှမေးအာဒိုဂန်နှင့် ကာတာနိုင်ငံ လူဆေးလ်(Lusail)မြို့တွင် ပြန်လည်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။


“မြန်မာ့စပါးအုံးမြွေ”လို့ နာမည်ကျော်ကြားပြီး One Championship ၏ Middleweightနှင့် Light Heavyweight တို့၏ ချန်ပီယံ ဟောင်းဖြစ်သူ အောင်လအင်ဆန်နှင့် ရှမေးအာဒိုဂန်သည် ONE-171 ခေါင်းစဉ်ဖြင့် ကျင်းပမည့်ပွဲစဉ်တွင် ဒုတိယအကြိမ် ပြန်လည်ထိုးသတ်မည်ဖြစ်သည်။


အောင်လအင်ဆန်သည် ရှမေးအာဒိုဂန်နှင့် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် စက်တင်ဘာလတွင်လည်း ONE-168ခေါင်းစဉ်ဖြင့် ကျင်းပသည့်ပွဲစဉ်တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးပြီး၊ ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့သည်။


မြန်မာကိုယ်စားပြု ချိန်ပီယံဟောင်း အောင်လအင်ဆန်မှာ အသက်အရွယ်အားဖြင့် (၃၉)နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ MMAကစားပွဲတွင် ၄၅ပွဲကစားခဲ့ရာ နိုင်ပွဲအဖြစ် ၃၀ပွဲ၊ ရှုံးပွဲအဖြစ် ၁၄ပွဲနှင့် တစ်ပွဲပယ်ဖျက်ဖြင့် စံချိန်တင်ထားသူဖြစ်သည်။


အောင်လအင်ဆန်၏ ပြိုင်ဘက်ဖြစ်သူ ရှမေးအာဒိုဂန်သည်လည်း အသက်အရွယ်အားဖြင့် ၃၄နှစ်အရွယ်ဖြစ်ပြီး၊ MMAကစားပွဲပေါင်း ၁၀ပွဲ ကစားခဲ့ဖူးသူဖြစ်ကာ ရှုံးပွဲမရှိထားသူ ဖြစ်သည်။


ချန်ပီယံခါးပတ် နှစ်ခုစလုံးကို လက်လွှတ်ခဲ့ရသည့် ချန်ပီယံဟောင်း အောင်လအင်ဆန်သည် လာမည့်ပွဲအတွက် ကာတာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး ယခုအကြိမ်မှာတော့ နိုင်ပွဲနှင့်အတူ ပြန်လာဉီးမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page