top of page

လိုင်ဇာ၊မိုင်ဂျာယာန်နှင့် လွယ်ဂျယ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပြီး ကုန်ပစ္စည်းများ ကုန်သွယ်နေပြီဖြစ်သော်လည်း ပန်ဝါ၊ဖီမှော်နှင့် ကန်ပိုင်တည်နယ်စပ်ဂိတ်များမှာ ယနေ့အချိန်အထိ ဖွင့်လှစ်ပေးခြင်းမရှိ

  • Writer: Pajau Media
    Pajau Media
  • Apr 8
  • 1 min read

ပါဂျောင်မီဒီယာ။

၈ရက်၊ဧပြီလ၊၂၀၂၅။




ကချင်-တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် လိုင်ဇာ၊မိုင်ဂျာယာန်နှင့် လွယ်ဂျယ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပြီး ကုန်ပစ္စည်းများ ကုန်သွယ်နေပြီဖြစ်သော်လည်း ပန်ဝါ၊ဖီမှော်နှင့် ကန်ပိုင်တည်နယ်စပ်ဂိတ်များမှာ ယနေ့အချိန်အထိ ဖွင့်လှစ်ပေးခြင်းမရှိဘဲ ပိတ်ပင်ထားဆဲ ဖြစ်သည်ဟု ပန်ဝါဒေသခံများ ပြောပြချက်အရ သိရသည်။


“မိုင်ဂျာယာန်၊လွယ်ဂျယ်နဲ့ လှိုင်ဇာဂိတ်တွေကိုတော့ တရားဝင်ပြန်ဖွင့်ပေးခဲ့ပြီး ပန်ဝါ၊ဖီမော်နဲ့ ကန်ပိုင်တည်ဂိတ်တွေကိုတော့ ခုထိတရားဝင်ဖွင့်‌ပေးတာ မရှိသေးဘူး။ မကြာခင် ပြန်ဖွင့်ပေးမယ်လို့တော့ ပြောတယ်။ ဘယ်ချိန်ဖွင့်မယ်ဆိုတာတော့ အတိကျမသိဘူး” ဟု ပန်ဝါ‌ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။


လက်ရှိ တရာဝင်ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိသေးသည့် နယ်စပ်ဒေသများတွင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ဂိတ်တွင်အခွန်များစွာ ပေးဆောင်ပြီး သယ်ယူနေရခြင်းဖြစ်သောကြောင့် တရုတ်ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်နေကြောင်းကိုလည်း နယ်စပ်ကုန်သည်တစ်ဦးက ယခုကဲ့သို့ ပြောသည်။


“ဂိတ်တွေကို တရာဝင်ဖွင့်ပေးတာမျိုး မရှိသေးတော့ ကုန်ပစ္စည်းတွေကို အခွန်‌ပေးပြီး သယ်ယူရောင်း ဝယ်နေရတယ်။ အခွန်ပေးရတာလည်း နည်းတာမဟုတ်ဘူး။ အဲ့တာကြောင့် တရုတ်ပစ္စည်းတွေက စျေးကြီးတယ်”ဟု ပြောသည်။


အဆိုပါ ကချင်-တရုတ်နယ်စပ်ဂိတ်များကို ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် နိုင်ငံရေးကြောင့် ပိတ်ပင်ခဲ့ပြီးနောက် လက်ရှိတွင် အချို့နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး၊ ကျန်ရှိနေသေးသည့် နယ်စပ်ဂိတ်များကိုလည်း အမြန်ဆုံး ပြန်လည်ဖွင့်စေလိုကြောင်း ဒေသခံများတောင်းဆိုနေကြသည်။


 မိုင်ဂျာယန်နှင့် လွယ်ဂျယ်ရှိ နယ်စပ်ဂိတ်များကို မတ်လ၂၈ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး၊ လှိုင်ဇာနယ်စပ်ဂိတ်ကိုတော့ ဧပြီလ၁ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ ကျန်နယ်စပ်ဂိတ်များကိုတော့ မကြာခင်အချိန်တွင် တရားဝင်ပြန်လည်ဖွင့်ပေးမည်ဖြစ်ဖြစ်ပြီး၊ မည်သည့်အချိန်ဆိုတာကိုတော့ မသိရသေးကြောင်း သိရသည်၊၊


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page