top of page

လူကြီးခရီးစဉ်ရှိသောကြောင့်ဆိုသော အကြောင်းပြချက်ဖြင့် ပူတာအိုမြို့ရှိ အင်တာနက်ဆိုင်အားလုံးပိတ်ထားခဲ့ရ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၃၀ရက်၊ဒီဇင်ဘာ၊၂၀၂၄။




ပူတာအိုမြို့ အခြေစိုက် ခြေလျှင်တပ်ရင်း (ခလရ-၄၆)တွင်ဗျူဟာမှူးအပြောင်းအလဲ ပြုလုပ်ခြင်း ခရီးစဉ်ကြောင့် ၂၄.၁၂.၂၀၂၄ မှ ၂၆.၁၂.၂၀၂၄ အထိသုံးရက်တိတိ အင်တာနက်ဆိုင်များအားလုံးပိတ်ထားခဲ့ရပြီး ၂၇.၁၂.၂၀၂၄ နေ့တွင် ပြန်လည်ဖွင့်လှစ်လာခဲ့ကြသည်ဟုဆိုသည်။


"လူကြီးခရီးစဉ်ရှိတယ်လို့ ပြောပြီး အင်တာနက်ဆိုင်တွေအားလုံး သုံးရက်တိတိပိတ်ထားခိုင်းတယ်။တကယ်တော့စကစရဲ့ ဗျူဟာမှူးအပြောင်းအလဲလုပ်ကြတာလေ။ ဗျူဟာမှူးအသစ်ရောက်ရောက်ချင်း မြို့နယ်ထဲကနေ ဘာသာရေးခေါင်းဆောင်တွေ၊ရိုးရာယာဉ်ကျေးမှုဆိုင်ရာလူကြီးတွေအားလုံးကို ၂၆.၁၂.၂၀၂၄ ညနေ ၄:၀၀ နာရီမှာအားလုံးကို ခေါ်တွေ့ပြီးတော့မိတ်ဆက်အခမ်းအနားလုပ်ကြတယ်၊တင်ပြစရာရှိမရှိခေါ်မေးတာတွေ လုပ်တယ်ပေါ့" ဟု အခမ်းအနားသို့တက်ရောက်ခဲ့သူတစ်ဦးကဆိုသည်။


တစ်ဖက်တွင်လည်း ပူတာအိုအခြေစိုက်ဗျူဟာမှူးအပြောင်းအလဲလုပ်သည့် ရက်အတွင်းမှာပင် ပူတာအို-မြစ်ကြီးနားလမ်း ဆွမ်ပီယာန်ကျေးရွာဘက်တွင်လက်နက်ကြီးအသံများနှစ်ရက်ဆက်တိုက်ကြားခဲ့ရကြောင်းဆိုသည်။


ထိုသို့တိုက်ပွဲအသံများကြားရ၍ ထိုဒေသနှင့်နီးစပ်သည့်ကျေးရွာများမှပြည်သူများအလန့်တကြားနှင့်စိုးရိမ်ပူပန်မှုများရှိနေကြောင်းဆိုသည်။


သတင်း- မလိခူး


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page