top of page

ရှမ်းပြည်မြောက်ပိုင်း၊မန်ဂျယ်ကျေးရွာတွင် KIO မှ ကြေငြာထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်းဘုတ်များကို MMDAA မှဖြုတ်ချ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၄ရက်၊ဒီဇင်ဘာ၊၂၀၂၄။



ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးခရိုင်၊ မုံးဟောမ်မြို့နယ်၊ မုန်ယာတိုက်နယ်၊မန်ဂျယ်ကျေးရွာတွင် ဒီဇင်ဘာလ(၂၃)ရက် နံနက်၁၁နာရီခန့်က KIO အရာရှိများနှင့်အဖွဲ့(၁၀)ဦးခန့်မှ မူးယစ်ဆေးဝါးအသိပညာပေးဆိုင်းဘုတ်များလာရောက်ကပ်‌နေစဉ်တွင် MNDAA မှ အရာရှိနှင့်တပ်သား(၅၀)ခန့်ရောက်ရှိလာပြီး ဖြုတ်ချခဲ့သောကြောင့် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားကာ KIO အရာရှိတစ်ဦးနှင့်အဖွဲ့သားတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။


ထိုသို့ပညာပေးစာများလာရောက်ကပ်သည်ကို ကြိုဆိုကြောင်းနှင့် မဟုတ်လျှင်လူငယ်များမူးယစ်ဆေးဝါးကြောင့် ဘဝပျက်စီးနိုင်ကြောင်းကို ပြည်သူများထံမှသိရသည်။


ထို့အတူ MNDAA က ဒီဇင်ဘာလ၂၂ရက်နေ့တွင် KIA စခန်းတစ်ခုကို ရှောင်တခင် ဝင်ရောက်ဖျက်စီးခဲ့ရာ နှစ်ဖက်တင်းမာမှုရှိခဲ့သော်လည်း ဒီဇင်ဘာ(၂၃)ရက်နေ့တွင် နှစ်ဖက်တာဝန်ရှိသူများညှိနှိုင်းမှုရယူခဲ့ကြောင်းသိရသည်။


ဒီဇင်ဘာလ‌တွင်စတင်သော KIA/KIOနှင့် မဟာမိတ်တပ်ပေါင်းစုတို့၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း ဆက်လက်ဖြစ်ပွားနေပြီး KIAမှ စစ်ကောင်စီစခန်းအများစုကိုသိမ်းဆီးရရှိခဲ့ပြီးနောက် ထိုးစစ်အရှိန်လျှော့လာသော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ဒရုန်း၊လေကြောင်းများဖြင့်အပြင်းအထန်တိုက်ခိုက်လျှက်ရှိနေပြီး တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေသူအချို့မှာ ယခုအချိန်ထိ မိသားစုဝင်များနှင့်အဆက်အသွယ်မရရှိသေးကြောင်းသိရသည်။


0 views0 comments

Comentários


Pajau Media

Thanks for subscribing!

bottom of page