top of page

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးတွင် KIO အစိုးရမှ လဝကဌာနဖွင့်လှစ်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၊ ၈၊ ၂၀၂၄



KIO အစိုးရမှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသတွင် လဝကဌာနဖွင့်လှစ်ပြီး အမျိုးသားမှတ်ပုံတင်ကဒ်များ ပြုလုပ်ပေးကြောင်း သိရှိရပါသည်။


ယမန်နေ့ ဩဂုတ်လ ၁ရက်နေ့တွင် KIO အစိုးရ၏ လဝကဌာနဖွင့်ပွဲအခမ်းအနားကို KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တပ်မဟာ (၆)၊ တပ်ရင်း (၃၆)တွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ သတင်းပေးပို့ထားပါသည်။


KIO အစိုးရ၏ သတင်းနှင့် ပြန်ကြားရေးဌာန Laiza TV၏ ထုတ်ပြန်ကြေညာချက်အရ ကွတ်ခိုင်မြို့နယ်နှင့် မုံးကိုးမြို့နယ်ရှိ ပြည်သူ အယောက် (၃၅၀၀)ကို နိုင်ငံသားမှတ်ပုံတင်ကဒ်များ ပြုလုပ်ပေးခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။


ထို့ပြင် KIO အစိုးရ၏ လဝကဌာနကို နမ့်ဖတ်ကာကျေးရွာတွင် ဇွန်လ ၁၅၊ ၂၀၂၄ ၌ ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ ၂၆၊ ၂၀၂၄ တွင် နမ့်ဖတ်ကာကျေးရွာ၏ လုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် KIO အစိုးရ၏ ရဲဌာနဖွင့်လှစ်ခဲ့ပါသည်။


ဒေသခံများ၏ ပြောကြားချက်အရ လက်ရှိအချိန်တွင် နမ့်ဖတ်ကာကျေးရွာတွင် KIO အစိုးရအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လဝက၊ ရဲဌာနနှင့် ဒေသကာကွယ်ရေး (GMH) တပ်ဖွဲ့များကို သေချာဖွဲ့စည်းထားပြီး အုပ်ချုပ်မှုစနစ်အသစ်ဖြင့် လည်ပတ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။


KIA မှ နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်စခန်းကို ဇန်နဝါရီလ ၂၄၊ ၂၀၂၄တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။ KIO အစိုးရ၏ ရဲဌာနကိုလည်း ဇွန်လ ၆ရက်၊ ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း Laiza TV သတင်းအရင်းအမြစ်၏ ဖော်ပြချက်အရ သိရှိရပါသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page