ပါဂျောင်မီဒီယာ
၂၂၊ ၈၊ ၂၀၂၄။
စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်အကြားရှိ အင်းတော်မြို့နယ်တွင် မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲများပြင်း ထန်နေပြီး ရဲစခန်းနှင့်အထွေထွေအုပ်ချုပ်ရေးရုံးတို့အားသိမ်းပိုက်ရရှိထားပြီဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရှိရပါသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ မြို့သိမ်းတိုက်ပွဲအဖြစ်တိုက်ပွဲဝင်နေကြပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင် ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းအဖွဲ့များမှစစ်ဆင်ရေးအား စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်အစပ်ဒေသမှာရှိသည့် အင်းတော်မြို့မှာ မြစ်ကြီးနား–ရွှေဘိုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကချင်ပြည်နယ်အတွက်အဓိကဝင်ပေါက်မြို့ဖြစ်သည့် အပြင် စစ်ရေးအရ အလွန်အရေးပါသောဒေသဖြစ်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူများမှ ပြောဆိုကြသည်။
မြစ်ကြီးနားကားလမ်းပိုင်းတွင်ရှိသောနဘားကာဗာကင်းအားလည်း သိမ်းပိုက်ရရှိထားပြီဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှပြောပါသည်။ “နဘားကာဗာကင်းလည်းရပြီ၊ အင်းတော်မြို့ကိုတော့မသိမ်းနိုင်သေးဘူး။ ကျန်တဲ့ တပ်စခန်းကတော့ တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတွေ အထိုင်ချထား ပြီး ဒေသခံအရပ်သားတွေခေါ်ကြတဲ့ဂျပန်လှိုဏ်ဂူ တပ်စခန်းသာကျန်ရှိတော့တယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှပြောပါသည်။
၎င်းတပ်စခန်းမှာ ၂၀၂၁ အာဏာသိမ်းပြီးချိန်မှစလို့ အထိုင်ချထားသည့်တပ်စခန်းဖြစ်ပြီး မကြာခ ဏ ဆိုသလိုမြစ်ကြီးနားရွှေဘို ကားလမ်းမပေါ်တွင်စစ်ကြောင်းထိုးရင်း အသွားအလာယာဥ်များကို စစ်ဆေးရေးတင်းကြပ်လေ့ရှိသောစခန်းဖြစ်ပါသည်။
ယခုကဲ့သို့ မြစ်ကြီးနားရွှေဘို လမ်းမကြီးပေါ်တွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက် ၄င်းလမ်းပိုင်းကို KIA နှင့် PDF များမှ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ အကန့်အသတ်မရှိပိတ်ဆို့လိုက်ပြီး ကုန်ကားအပါဝင် ခရီးသည်ယာဥ်နဲ့ ယာဥ်ပေါင်းရာနဲ့ချီပိတ်မိနေသည်ဟု ပိတ်မိနေသော ကားသမားများထံမှသိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူမှ စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်အစပ်ဒေသမှာ အာဏာသိမ်းပြီးချိန်မှစ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များနှင့် ပူးပေါင်းပြီး စစ်ဆင်ရေးပြုလုပ်ဆောင်ရွက်ခြင်းများရှိသည်ဟုပြောပါသည်။
လက်ရှိကချင်ပြည်နယ်အစပ်ဒေသ တိုက်ပွဲအခြေနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူပြောသည်မှာ အင်းတော်မြို့သိမ်းတိုက်ပွဲဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့ညနေပိုင်း ၅ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ် ဘက်က လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အင်းတော်ဒေသတွင်းအခြေနေများကိုတင်ပြပေးနေသည့် Indaw Revolution IR မှ သတင်းထုတ်ပြန်ထားပါသည်။
တိုက်ပွဲစဖြစ်သည့်ရက်ပိုင်းအတွင်း မြို့တွင်းရှိဒေသခံများတိုက်ပွဲအတွင်းပိတ်မိခြင်းမရှိသော်လည်းပဲ အင်တာနက်လိုင်းများမရရှိနေသောကြောင့် ဒေသခံများသတိရှိကြဖို့ရန် ဗိုလ်မှူးကြီးနော်ဘူမှ အမြဲသတိပေးလျှက်ရှိပါသည်။
Comments