top of page
Writer's picturePajau Media

ယနေ့ ပြည်တွင်း အခေါက်ရွေ တစ်ကျပ်သားနှုန်း ၄၇သိန်းနီးပါး မြင့်တက်နေ

ပါဂျောင်မီဒီယာ

၁၀ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ပြည်တွင်းမှာ ဧပြီလ ၁၀ရက် နေ့လည် ၁၁နာရီအချိန်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၄၆သိန်း ၉သောင်းကျော်နှင့် ၁၅ပဲရည်မှာ ကျပ်၄၄သိန်း တစ်သောင်း ၅ထောင်အထိ မြင့်တက်နေကြောင်း ဈေးကွက်သတင်းများမှ သိရသည်။


ယခုကဲ့သို့ ဈေးခုန်တက်ခဲ့ရသည့် အကြောင်းရင်းများမှ တစ်ချက်မှာ ကမ္ဘာ့ရွှေဈေး ရုတ်တရက် တစ်ဟုန်ထိုး တိုးတက်လာခြင်းကြောင့်ဟု သိရသည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ ဈေးနှုန်းသတ်မှတ်ချက်မှာ ယနေ့တွင် တစ်ကျပ်သားကို ကျပ်၃၉သိန်း ၉သောင်းကျော်ရှိနေတာဖြစ်ပြီး၊ မြေပြင်မှာတော့ ယင်းဈေးနှုန်းနှင့် မရောင်းချကြကြောင်းလည်း ထပ်မံသိရှိရသည်။


ဧပြီလ ၈ရက်နေ့တွင် ရွှေတစ်ကျပ်သား ၄၅သိန်း ၅သောင်းကျပ် ရှိရာမှ ယမန်နေ့မှာတော့ ကျပ်၄၆သိန်း ၉သောင်း ၅ထောင်ကျပ်အထိ ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး၊ ယနေ့အထိ နှစ်ရက်အတွင်း ဈေးကျပ်တစ်သိန်းအထိ ခုန်တက်သွားခဲ့ခြင်း ဖြစ်သည်။


လက်ရှိ ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၄၆ သိန်းကျပ်(၄,၆၉၅,၀၀၀)ကျော် ၄၇သိန်းနီးပါး ပေါက်ဈေးရှိနေသော်လည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ ကျပ် ၃၉သိန်း ၉သောင်း ၇ထောင်ကျော် (၃,၉၉၇,၉၀၀ ကျပ်)နှင့် ရောင်းချဖို့ ရည်ညွှန်းဈေး သတ်မှတ်ထားသည်။

ထို့အပြင် ၁၅ပဲရည်တစ်ကျပ်သားလျှင် ၄၄သိန်း တစ်သောင်း ၅ထောင်ကျပ် ပေါက်ဈေးရှိနေပြီး၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ် ရည်ညွန်းဈေးမှာ ၃၇သိန်း ၄သောင်း ၇ထောင် (၃,၇၄၇,၀၉၃) ကျပ်အထိ ရှိနေသည်။


၂၀၂၄ခုနှစ် ဇန္နဝါရီလဆန်းပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားကို ၃၇သိန်း ၁သောင်းနှင့် စတင်ခဲ့ပြီး လကုန်ပိုင်းတွင် ၃၈သိန်း ၉သောင်းအထိ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလအတွင်း ဈေးကွက်ပေါက်ဈေးသည် ၃၈သိန်းနှင့် ၃၉သိန်းကြား အပြောင်းအလဲ ရှိခဲ့ပြီး၊ ယခု မတ်လ ၇ရက်နေ့တွင် ရွှေဈေးသည် သိန်း ၄၀ကျော်ကာ၊ မတ်လ ၁၅ရက်နေ့တွင် ၄၁သိန်း ၅သောင်းအထိရှိခဲ့ပြီး အဲဒီနောက်ပိုင်း ရွှေဈေးနှုန်းတွေ နေ့စဉ်တိုးတက်နေခဲ့သည်။


လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးသည့်အတွက် အချိန်၊ နေရာအလိုက် ရွှေဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်သည်။

Comments


bottom of page