top of page

ယနေ့ခေတ် ရေစီး‌ကြောင်းထဲ မျှောပါနေတဲ့ လူငယ်များရဲ့ One night stand နဲ့ HIV အန္တရာယ်

  • Writer: Pajau Media
    Pajau Media
  • Nov 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊နိုဝင်ဘာ၊၂၀၂၄။




ယနေ့ခေတ် လူငယ်များကြား ရေပန်းစားနေတဲ့ One night stand ဆိုသည်မှာ Bar ,KTV ,Club အစရှိတဲ့ နေရာတွေမှာ သောက်စား၊ ကခုန်ရင်း ဆုံတွေ့ကြတဲ့ သူတွေနဲ့ တစ်ညတာ Sex Partner (လိင်ဆက်ဆံဖော်) ကို ဆိုလိုတာဖြစ်ပါတယ်။ တစ်ညတာ လိင်ဆက်ဆံဖော်ဖြစ်တဲ့အတွက် အိမ်ထောင်ရှိသည်ဖြစ်စေ ၊လူပျိုလူလွတ်ဖြစ်စေ ၊ရည်းစားရှိသည်ဖြစ်စေ တစ်ညတာအတူဖြတ်သန်းခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။


နောက်ထပ်တစ်ကြိမ် တွေ့ချင်မှလဲ တွေ့မယ်၊ မတွေ့ချင်လဲ မတွေ့ကြတော့ဘူး။ အဲ့ဒါတွေက သိပ်အရေးမကြီးတော့ဘူး၊ ဒီနေ့ခေတ်လူငယ်တွေက လိင်ဆက်ဆံမယ်ဆိုရင် ရောဂါကာကွယ်ဖို့အတွက် ကွန်ဒုံးသုံးဖို့ရာ သိပ်စိတ်မဝင်စားဘဲ ကိုယ်ဝန်မရှိရေး ဒို့အရေးဆိုပြီး အရေးပေါ်တားဆေးတွေ သောက်ကြတယ် ။


နောက်ဆက်တွဲ ဆိုးကျိုးကတော့ HIV အပြင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေရလာကြတယ်။ အဆိုးဆုံးကတော့ ဘယ်သူက ရောဂါရှိမရှိ မသိ၊ ဘယ်သူ့ဆီကနေ ဘယ်သူ့ကို ဘယ်လိုကူးလို့ကူးမှန်း မသိဘဲ။ Silent HIV Carriers တိုးလာတာဖြစ်တယ်။


ကချင်ပြည်နယ်တွင်းမှာ ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိ ပြန်ကြည့်မယ်ဆိုရင် အသက်၂၃နှစ်ကနေ ၃၀ကြားအရွယ်တွေမှာ HIV ကူးစက်နှုန်းက နှစ်ဆမြင့်တက်လာတာကို တွေ့လာရတယ်။ အခုလိုကာလမှာ ART ဆေးထုတ်ရခက်တဲ့အခြေအနေက ပိုပိုဆိုးလာတယ်၊ တစ်ချို့ကျ ART ဆေးထုတ်ရမှာ ရှက်ပြီး ဆေးမသောက်ပဲအသေခံသွားကြတဲ့သူတွေလဲ ရှိလာတယ်။


အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာပြီး ခေတ်ပျက်ကြီးထဲမှာ ပျော်စရာရှာပြီးနေနေကြတဲ့ လူငယ်တွေဟာ KTV,Bar ,Club တွေမှာ ပိုပျော်လာကြတယ်၊ နယ်မြို့လေးထဲက KTV မှာ သီချင်းဆိုဖော် မိန်းကလေးတွေကို တရားဝင် ဝန်ထမ်းခန့်ထားတာမျိုးမရှိပါဘူး။


အလုပ်အကိုင်မရှိတဲ့အပြင် လှလှပပဝတ်စားချင်တဲ့ မိန်းကလေးတစ်ချို့ဟာ KTV တွေမှာ သူမတို့ရဲ့ ဖုန်းနံပါတ်တွေပေးပြီး လာပျော်ပါးတဲ့ ဧည့်သည်တွေအတွက် အဖော်လိုရင် သူမတို့ကို ခေါ်ပေးဖို့ မှာထားကြတယ်။


KTV တွေကလဲ အခွန်ဆောင်စရာမလိုဘဲ ဧည့်သည်တွေအလိုကျ မိန်းကလေးတွေကို ဖုန်းဆက်ပြီး ခေါ်ပေးတာမျိုးတွေ လုပ်ပေးကြတယ်။ KTV ကိုလာတဲ့ ဧည့်သည်တွေရဲ့ ပျော်ပါးဖော် မိန်းကလေးတွေဟာ ဧည့်သည်တွေနဲ့ အဆင်ပြေရင် ဟော်တယ်ထိ လိုက်အိပ်ကြတယ်။


အဲ့ဒီမိန်းကလေးတွေဟာ အသက် ၁၅-၁၆ နှစ်ကနေ ၂၅နှစ်အရွယ်တွေဖြစ်ပြီး သူမတို့မှာ ချစ်သူရည်းစားလဲရှိကြတယ်။ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံကြတော့ HIV ပိုးကူးစက်နှုန်းမြင့်လာတယ်။ ယနေ့ခေတ်ရေစီးကြောင်းထဲက One night stand နဲ့ HIV အန္တရာယ်ကတော့ ခေတ်လူငယ်များအတွက် ရင်လေးစရာပါ။


ဆောင်းပါး- ကချင်ပြည်သား


Commentaires


Pajau Media

Thanks for subscribing!

bottom of page