top of page

မမုံကိုင်ကျေးရွာအနီးတွင် နိုင်ငံခြားသား လုပ်ငန်း ရှင် တဦး တရားမဝင်ရွှေတူးဖော်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ



ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာတွင် တရုတ်လုပ်ငန်းရှင်တဦးတရားမဝင်ရွှေတူးဖော်နေကြောင်း ဒေသခံများထံမှသိရသည်။


"အရင်ကမမုံကိုင်ရွာမှာ ရွာခံတွေဘဲ လက်ကျင်းတူးစားကြတာ၊အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ တခြားဒေသကသူတွေ ရောက်လာကြပြီး ဘက်ဖိုးတွေနဲ့ မတရားတူးလာကြတယ်၊၂၀၂၂အထိ လုပ်ငန်းရှင်တွေထဲမှာ နိုင်ငံခြားသားမပါဘူး ၊ဒီ‌ နောက်ပိုင်းမှာ လုပ်ငန်းရှင် ဦးထွန်းထွန်းဝင်း(မင်းသမီးပိုးကြာဖြူခင်၏ခင်ပွန်း)က သူ့လုပ်ကွက်ကို တရုတ်လုပ်ငန်းရှင်ကို ရောင်းပေးလိုက်တာ၊တရုတ်လုပ်ကွက်ကဝယ်ပြီးတာနဲ့ အုတ်တံတိုင်းနဲ့သွပ်အပြည့်ကာလိုက်ပြီး စက်ယန္တရားကြီးတွေနဲ့ စိတ်ကြိုက်တူးတော့တာဘဲ၊သူ့ကျင်းထဲဆို ဘယ်သူမှဝင်ကြည့်လို့မရအောင်အကုန်ပိတ်ကာလိုက်တာ၊တရုတ်လုပ်ငန်းရှင်ဆိုတော့ စက်ယန္တရားတွေကလဲအဆင့်မြင့်တယ်လေ၊ အကုန်လှန်လောပြီးတူးပစ်ကုန်တာ၊ အရင်ကရွှေတူးရင် အနက်ပေ၃၀၀လောက်အထိဘဲ၊အခုကျ ပေ၃၀၀အောက်ဆို ဖာခံသွားပြီ၊‌ ရွှေကဖာရဲ့အောက်မှာပါထွက်‌တော့ အဲ့ဖာကိုပါထပ်ဖောက်ပြီးတူးတော့ ပေ၈၀၀လောက်ထိနက်သွားတယ်၊ သစ်တောတွေပြုန်းတော့ သဘာဝပတ်ဝန်းကျင်လဲတော်တော်ပျက်စီးသွားတယ်။"ဟု မမုံကိုင်ရွာမှ အသက်၆၅နှစ်အရွယ် အမျိုးသားမှပြောသည်။


လုပ်ငန်းရှင်များ စက်ယန္တရားကြီးများဖြင့် ရွှေအလွန် အကျွံ တူးဖော်နေကြသော်လည်း ထိထိရောက် ရောက် ဖမ်းဆီးအရေးယူခြင်းမရှိကြောင်းယင်းမှ ဆက်ပြောသည်။


" ရွှေကျင်းတွေက ရွာရဲ့ကားလမ်းမနဲ့ဆယ်ပေလောက် ဘဲကွာတော့တယ်၊ မမုံကိုင်ရွာနားမှာတင်လုပ်ကွက်ပေါင်း၆၀လောက်ရှိတယ်၊ အဓိကကတော့ စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့တူးကြတာများတယ်၊ ရွာခံတွေဆီကရွှေလုပ်ကွက်ဝယ်ပြီးရင် စစ် တပ်ကို တကျင်းတူးပြီးထိဆိုရင် ရွှေတကျပ်သားနဲ့ငွေသိန်း၁၀၀ပေးရတယ်။"ဟုမနှစ်ကကရွှေတူးဖော်နေသူလုပ်ငန်းရှင်ဟောင်းတဦးကပြောသည်။




လုပ်ကွက်မြေများသည် သဘာဝ‌ပတ်ဝန်းကျင် ထိန်းသိန်း‌ရေးပိုင်ဘေးမဲ့တော့များဖြစ်ပြီး အများအားဖြင့် သစ်တောနှင့်စိမ်းလန်းအဖွဲ့များထံမှ ငွေပေး၍လုပ်ကွက်ဝယ်ယူလုပ်ကိုင်ကြကြောင်းယင်းကဆက်ပြောသည်။


မမုံကိုင်ရွာတွင် နေရာတိုင်း၌ရွှေထွက်ရှိသောကြောင့် ရွှေခေါင်းအုံး၍အိပ်သောရွာဟုတင်စားကြသည်။


အင်းတော်ကြီးဒေသရှိအင်းတော်ကြီးအိုင်သည် ကုန်းတွင်းရေအိုင်ထဲတွင်အကြီးဆုံးရေချိုအိုင်ဖြစ်ပြီး ကမ္ဘာအမွေအနှစ်ဇီဝအဝန်းနယ်မြေတစ်ခုအဖြစ် ယူနက်စကို ကအတည်ပြု သတ်မှတ်ခဲ့ပါတယ်။






Comentários


Pajau Media

Thanks for subscribing!

bottom of page