top of page

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတလျောက် တိုက်ပွဲအခြေအနေကြောင့် ကုန်တင်ယာဉ်နှင့် အိမ်စီး၊ လိုင်းကားများ ရာချီပိတ်ပိတ်မိ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၀၊ ၈၊ ၂၀၂၄။



စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ အင်းတော်မြို့နယ်အတွင်း ဆက်လက်တိုက်ပွဲပြင်းထန်မှုကြောင့် မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းတလျောက် ယာဉ်ကားများ ရာချီပိတ်မိနေသည်ဟု ခရီးသွားပြည်သူတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ပြောပြခဲ့သည်။


ပြီးခဲ့သော ဩဂုတ်လ ၁၆ ရက်နေ့မှ စ၍ ယနေ့ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသောကြောင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ခဲ့သည်မှာ ၅ ရက်ကြာရှိ‌နေပြီး လမ်းပိုင်းတလျှောက် ခရီးသည်တင်ယာဉ်များအပါအဝင် ကုန်ကားကြီး၊ ကားအသေးများ ရာနဲ့ချီ ပိတ်မိနေသည်ဟု သိရသည်။


“ကျွန်တော်တို့ ခရီးသည်တောတောများများ အင်းတော်မြို့အဝင်အနီးမှာ ပိတ်မိနေတယ်။ အခုပိတ်မိနေတာ ၅ ရက်လောက် ကြာနေပြီး။ ဒီမှာ ပိတ်မိနေတာ ကားကြီး ကားငယ် ပေါင်းစုံပဲ ပိတ်မိနေတယ် ကျွန်တော်တို့ ခရီးသည်များလည် ရက်ကြာပိတ်မိနေလို့ တောတောလေလေ ဒုက္ခကြုံနေရတယ်လို့” ဆိုသည်။


ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်အဖွဲ့ လွန်ခဲ့သော ဩဂုတ် ၁၅ ရက်နေ့မှစပြီး မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ဆင်ရေးလုပ်ပြီး လက်ရှိ ကောလင်းခရိုင် ပင်လည်ဘူး နှင့် ကသာခရိုင် အင်းတော်မြို့နယ်တို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရှိရသည်။


အင်းတော်မြို့အတွင်းရှိ စစ်ကောင်စီတပ်မ ၇၇ တပ်ဖွဲ့များအပြင် ရှမ်းနီ SNA နှင့် ပျူစောထီးအဖွဲ့ဝင်များ ပူပေါင်းတပ်စွဲထားပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။


မန္တလေး-မြစ်ကြီးနား လမ်းပိုင်းသွားလာခွင့်ပိတ်ဆို့မည်ဟု တော်လှန်ရေးတပ်များမှ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ကတည်းက ကြိုတင်အသိပေးခဲ့ပြီး တိုက်ပွဲမဖြစ်ခင် အချို့ကားများသွားလာရာမှ ယခုကဲ့သို့ ကားများ ရာချီပိတ်မိခံရခြင်း ဖြစ်သည်ဟု သိရှိရသည်။


မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား ပြင်းထန် တိုက်ပွဲများကြောင့် ပြီးခဲ့ ဩဂုတ် ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်အချိန်တွင် ဖြတ်သန်းသွားလာခွင့် အားလုံးပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page