top of page

မတ်လအတွင်း ကချင်ပြည်နယ်ရှိ စစ်ရေးဆိုင်ရာအချက်အလက်များ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၉ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ပါဂျောင်မီဒီယာ၏ ၂၀၂၄ခုနှစ် မတ်လအတွင်း စုဆောင်းရရှိထားသည့် အချက်အလက်များအရ ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA)၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း (၁၁၅)ကြိမ်ထိရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးပြည်နယ်အဖြစ် တွေ့ရှိရသည်။


အဆိုပါတိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် မတ်လအတွင်း အရပ်သားပြည်သူသေဆုံးမှု (၄၄)ဦးအထိ ရှိခဲ့ပြီး၊ အရပ်သားပြည်သူ ဒဏ်ရာရရှိမှု စုစုပေါင်း (၁၃)ဦးအထိရှိကာ၊ စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် မတရားဖမ်းဆီးခံရသည့် ပြည်သူများ (၁၂၈)ဦးအထိ ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။


ထို့အပြင် ဒေသခံပြည်သူများ၏ အိမ်ခြေ (၇၁၃)အိမ် တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး၊ အချို့အိမ်ခြေများမှာ မီးလောင်ပြာကျခဲ့ရသည်။ စစ်ဘေးရှောင်အရေအတွက်အနေဖြင့် မတ်လအတွင်း စစ်ရှောင် (၂၀၀၀၀)နီးပါးခန့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။


ပါဂျောင်မီဒီယာမှ စုဆောင်းရရှိသည့် မှတ်တမ်းများအရ မတ်လ( ၇ )ရက်နေ့မှစတင်သော တိုက်ပွဲများအတွင်း စစ်ကောင်စီမှ ဖမ်းဆီးခံရသည့် တပ်သား (၁၄၃)ဦး၊ ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သား (၂၀၄)ဦးနှင့် သေဆုံးခဲ့သည့် တပ်သား (၄၂၉)ဦးအထိ ရှိခဲ့ကြောင်း တွေ့ရှိရသည်။


ထို့အပြင် သေဆုံးခဲ့ရသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်သား(၅၄)ဦးနှင့် ဒဏ်ရာရရှိသည့် ပြည်သူ့စစ်တပ်သား(၁၀)ဦးထက်မနည်း ရှိခဲ့သည်။


ပါဂျောင်မီဒီယာမှ စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များမှာ ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများ၏ဖော်ပြချက်များမှ ကောက်နုတ်မှတ်သားထားခြင်းဖြစ်သောကြောင့် အချို့အချက်အလက်များ အနည်းနှင့်အများ ကွဲပြားနိုင်သည်။


0 views0 comments

Comentarios


Pajau Media

Thanks for subscribing!

bottom of page