top of page

မျိုးသုဉ်းပျောက်ကွယ်လာသော ဒေသမျိုးစေ့များနှင့်၎င်းတို့၏အရေးပါသော အခန်းကဏ္ဍ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၁၀ရက်၊ဒီဇင်ဘာ၊၂၀၂၄။




အနာဂတ်ကိုပြန်ကြည့်မယ်ဆိုရင်


စစ်‌ဘေး၊သဘာဝဘေး၊စားစရာလျော့နည်းခြင်းတွေက လူသားတို့အတွက် စိုးရိမ်ထိတ်လန့်စရာပါ။

မြစ်ချောင်းအင်းအိုင်မှာ အကောင်လေးတွေရဲ့ မိဘတွေရှိပါတယ်။ သဘာဝကအခမဲ့ပေးစွမ်းထားတဲ့ မြစ်ချောင်းအင်းအိုင်တွေဟာ ရွှေနဲ့မြေရှားသတ္တုကဲ့သို့သောသဘာဝသယံဇာတတူးဖော်ခြင်း၊သစ်ခုတ်ခြင်းတွေကြောင့် ပျက်စီးလာနေပါပြီ။သဘာဝကပေးစွမ်းတဲ့ စားစရာတွေက တစထက်တစ မျိုးသုဉ်းပျောက်ကွယ်လာပါတယ်။ ဒေသမျိုးရင်းတွေမျိုးသုဉ်းပျောက်ကွယ်လာတာနဲ့အမျှ လူသားတို့အတွက် စားစရာလျော့နည်းခြင်းတွေ ကြုံတွေ့လာနေပါတယ်။စစ်ဘေးကြောင့် မစိုက်ပျိုးနိုင်တော့တာ၊ စိုက်ပျိုးလို့မရတော့တာတွေက ပိုပိုတိုး၍များလာပါတယ်။သဘာဝဘေးအန္တရာယ်တွေကြောင့် ရေကြီးရေလျှံဖြစ်ခြင်း၊မြေပြိုခြင်း၊ငလျင်လှုပ်ခြင်းတွေ ‌ကြောင့် စိုက်ခင်းတွေများစွာ ပျက်စီးနေပါတယ်။


၂၀၂၄ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့မြစ်ကြီးနားမြို့ကိုမြစ်ရေလွှမ်းသွားတဲ့ဖြစ်စဉ်မှာ လူတွေသေဆုံးခဲ့ရသလို ပစ္စည်းဥစ္စာတွေများစွာဆုံးရှုံးနှစ်နာခဲ့ကြပါတယ်။


ဒီ၂၀၂၄ ခုနှစ်ထဲမှာဘဲ ကလော၊အင်း‌လေး၊ညောင်ရွှေမှာ နှစ်လအကြာရေကြီးရေလျှံဖြစ် ပြီး စိုက်ခင်းတွေ ဆုံးရှုံးသွားခဲ့တဲ့ ဖြစ်ရပ်မျိုးကိုပြန်ကြည့်မယ်ဆိုရင် သဘာဝတရားကြီးပျက်စီးနေပြီဆိုတာကိုလူသားတွေသိအောင် အချက်ပေးခေါင်းလောင်းထိုးလိုက်တာဖြစ်ပါတယ်။ ဒေသမျိုးစေ့တွေ မျိုးသုဉ်းပျောက်ကွယ်လာတာကို သတိပြုမိပေမယ့် ထိန်းသိမ်းဖို့အတွက်တာဝန်ရှိတာကို မေ့လျော့နေကြပါတယ်။


သစ်သီးသစ်ရွက်မျိုးစေ့တွေက အစားအစာကို ထုတ်လုပ်ပေးနိုင်စွမ်းရှိတယ်။ ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ရာ ကောင်းမွန်တဲ့အစားအစာ‌ တွေကနေလာတာဖြစ်ပါတယ်။လူ့ခန္ဓာကိုယ်တွင်းမှာ ဆဲလ်ပေါင်းဘီလီယမ်နဲ့ချီပြီးဖွဲ့စည်းထားပြီး မိမိတို့စားသုံးလိုက်တဲ့အစားအစာကနေအာဟာရကို စုပ်ယူပြီး စွမ်းအင်အဖြစ်ပြောင်းလဲသွားပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းများကို အားဖြန့်ဖို့ သုံးစွဲပါတယ်။


မျိုးစေ့တွေကခရီးသွားပါတယ်၊မိမိတို့ဒေသကို‌အလည် ရောက်လာတဲ့မျိုးစေ့တွေဟာ စိုက်ပျိုးစားသုံးပြီး ကျန်ရှိနေတဲ့မျိုးစေ့တွေဟာ ဒေသမှာ သုံးနှစ်ကြာအောင် ရှင်သန်နိုင်တယ်ဆိုရင် မိမိဒေသနဲ့ကိုက်ညီတဲ့မျိုးစေ့မို့ ဆက်လက်ထိန်းသိမ်းလို့ရပါတယ်။ကမ္ဘာကြီးက အဖိုမဟုတ်ပါ၊"သူမ"(She)ဖြစ်ပါတယ်၊ဒါကြောင့် သူမမှာ မျိုးပွားနိုင်စွမ်းရှိပါတယ်။ မြေဆီလွှာ တလက်မဖြစ်ဖို့ နှစ်ပေါင်း(၅၀၀)စောင့်ရတယ်။ မြေဆီလွှာတန်ဖိုးကိုသိတဲ့နိုင်ငံတွေမှာဆိုရင် လမ်းခင်းရင်အပေါ်ယံမြေဆီလွှာကိုအရင်ဖယ်ထားပြီး မှ စိုက်ပျိုးရာမှာ အသုံးပြုကြပါတယ်။ အရှေ့တောင်အာရှမှာ မျိုးစေ့တွေကိုထိန်းသိမ်းပြီး ဒေသအစားအစာတွေနဲ့ပတ်သတ်ပြီး သုတေသနလုပ်ခဲ့တဲ့ ဆရာတယောက်က ဒီလိုပြောပါတယ်- "ကျွန်တော်တို့ရဲ့ဒေသမှာ မိခင်မျိုးစေ့တွေမျိုးသုဉ်းပျောက်ကွယ်လာပြီဖြစ်တာမို့ အငတ်ဘေးနဲ့ကြုံတွေ့ရနိုင်ပါတယ်၊ဒါကြောင့် ဥတွေကို စားတတ်တဲ့ အလေ့အထကိုလေ့ကျင့်ထားပါ၊ဥတွေကိုစိုက်ပျိုးကြပါ၊ဥတွေက ဘယ်လိုမြေကြီးမှာဘဲဖြစ်ဖြစ် မှီတွယ်စရာအပင်ကြီးတပင်ရှိရင် ရှင်သန်နိုင်ပါတယ်၊"လို့ ပြောခဲ့ပါတယ်။


သဘာဝတရားကြီးကပျက်စီးလာနေပြီမို့သတိနဲ့နေကြရဦးမှာပါ။။မိမိ‌ဒေသက မျိုးစေ့ (seeds) တွေကို လုံခြုံအောင်သိမ်းဆည်းရပါမယ်။မျိုးစေ့ က မျိုးစေ့ သက်သက်မဟုတ်ပါဘူး။မျှော်လင့်ခြင်းကို အားဖြည့်ပေးတယ်။


မျိုးစေ့တွေက အမြဲပြန်လည်ရှင်သန်နိုင်ကြောင်း သက်သေထူကြတယ်။မျိုးစေ့က အစားအစာကို ထုတ်လုပ်ပေးနိုင်စွမ်းရှိတယ်။ ရိုးရာအစားအစာနဲ့ ယဉ်ကျေးမှုကိုလည်းထိန်းသိမ်းပေးလေ့ရှိတယ်။ လူသားကို အထီးကျန်သလို မဖြစ်စေအောင် ‌ဒေသ အစားအစာနဲ့ ရွှင်လန်းခြင်းကိုပေးအပ်နိုင်တယ်။မျိုးစေ့က တာဝန်ယူစိတ် ကို အမြင့်ဆုံးတည်ဆောက်နိုင်အောင် တွန်းအားပေးနိုင်တယ်။ ဂရုတစိုက် ရွေးချယ်ပြီးသိမ်းထားလေ့ရှိတဲ့ မျိုးစေ့တွေဟာအရည်အသွေးကျဆင်းမသွားပါဘူး။ပျိုးပင်၊ အပင်ငယ်၊ အပင်ပေါက်၊စားပင်၊ သီးပင်၊ပန်းပင်၊ ဆေးပင်အားလုံးအရေးပါပါတယ်။ မျိုးစေ့တွေကို ဂရုပြုစောင့်ရှောက်ထားရင် လူသားကိုကောင်းကျိုးများစွာပြန်ပေးနိုင်ပါတယ်။ဆောင်းကာလကုန်ချိန်ဆိုရင် မျိုးစေ့တွေရင့်မှည့်လာကြ‌တဲ့အချိန်ရောက်လာတော့မှာဖြစ်တယ်။မိမိတို့ဆီက မျိုးစေ့၊ ပျိုးပင်၊ အပင်ပေါက်တွေကို လိုအပ်သူ ရပ်နီး ရပ်ဝေးဆီပေးပို့ခြင်းကို လုပ်ဆောင်ရပါမယ်။လူသားတို့အတွက် စားစရာ လျော့နည်းလာခြင်းကို အန်တုဖို့ မျိုးစေ့များကိုထိန်းသိမ်းကြရပါမယ်။


ရှင်သန်ခြင်း နဲ့ မျှော်လင့်ခြင်းတွေ ခိုင်မြဲနေဖို့မျိုးစေ့များ အပင်ငယ်များအပြန်အလှန် မျှဝေရင်း အမိကမ္ဘာမြေကြီးကိုပြန်ထူမကြရပါမယ်။


ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page