top of page

မိုးညှင်းမြို့တွင် လိုင်စင်မရှိဘဲစက်သုံးဆီ ရောင်းချနေသူတွေကိုဖမ်းဆီးနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂ရက်၊ဒီဇင်ဘာ၊၂၀၂၄။



မိုးညှင်းမြို့တွင် စက်သုံးဆီရောင်းနေများကို လိုင်စင် မရှိလို့ ဟုဆိုကာ ဖမ်းဆီးပြီး ပိုက်ဆံသိမ်းယူခြင်းများ၊ ခံဝန်ထိုးပြီး ပြန်လွှတ်ပေးခြင်းများလုပ်ဆောင်နေကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။


ဖမ်းဆီးခံရသူတစ်ဦး၏ အမျိုးတော်စပ်သူ၏ပြောပြချက်အရ"အင်းတော်ကွင်းလမ်းကနေ သုံးဘီးနဲ့ဆီသယ်လာတာ နမ္မားနားရောက်တော့ အိမ်စီးကားက တားပြီးဓါတ်ဆီဝယ်တာနဲ့ရောင်းပေးလိုက်တာ ရောင်းနေတုန်းကမဖမ်းဘူး ၊ အနီးနားမှာ စောင့်ကြည့်နေတာ ၊ရောင်းပြီးလို့ ပိုက်ဆံသိမ်းပြီးချိန်မှ လိုင်စင်မရှိဘဲရောင်းလို့ဆိုပြီးဖမ်းတာ၊ သုံးဘီးမှာ ကျန်ထားတဲ့ ဆီနှစ်ပေ‌ပါရယ်၊ ဆီတစ်ပေပါရောင်းလိုက်တဲ့ပိုက်ဆံရယ်နဲ့ လူကိုဖမ်းခေါ်သွားတာ၊ရဲစခန်းမှာ ၃ညဖမ်းထားတယ်၊ ဓါတ်ဆီတွေကိုရော၊ ပိုက်ဆံတွေကိုရော သိမ်းယူထားလိုက်ပြီး လူကိုခံဝန်နဲ့ပြန်လွတ်ခဲ့ပေးတယ်၊သူကသုံးဘီးနဲ့ဆီသယ်တာခုမှ နှစ်ခါဘဲရှိသေးတယ်” လို့ ပြောသည်။


တနိုင်တပိုင်စက်သုံးဆီရောင်းနေတဲ့သူတွေကိုလည်း လိုင်စင်မရှိလျှင်ဖမ်းမည် ဟူ၍ သတင်းထွက်နေသောကြောင့် မြို့တွင်းတွင် ဓါတ်ဆီရောင်းနေသည့်ဆိုင်များ ပိတ်ထားကြောင်း မြို့ခံများထံမှသိရသည်။




"စက်အသေးလေးတွေနဲ့ အိမ်ရှေ့မှာ ရောင်းနေတဲ့ဆီဆိုင်တွေက လိုင်စင်မရှိဘူးလေ ၊ဖမ်းမယ်ဆိုတဲ့သတင်းကြားတော့ အကုန်ပိတ်ထားကုန်ပြီ၊ ပြီးခဲ့တဲ့သုံးရက်ကမှ ဆီတလီတာကို(၇၈၀၀)ကျပ်ဘဲရှိသေးတယ်၊ဒီနေ့ကျတော့ တလီတာကို(၁၁၀၀၀)ကျပ်ဖြစ်သွားပြီ၊ဆိုင်ကယ်နဲ့ဆီသယ်နေကြတာတွေတော့ ကားလမ်းတလျှောက်လုံးမှာ အစီးရေပေါင်းထောင်ချီတယ်"လို့ မြို့ခံတစ်ဦး၏ပြောပြချက်အရသိရသည်။


လက်ရှိမှာကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ပိတ်ထားဆဲဖြစ်ပြီး ကန်ပိုင်တည်နယ်စပ်ဂိတ်တစ်ခုထဲကိုသာဖွင့်လှစ်ထားသော်လည်း တရုတ်ဘက်မှကားအဝင်မရှိ‌သေးသောကြောင့် ကုန်ပစ္စည်းများပြတ်လပ်ကာ စက်သုံးဆီ စျေးနှုန်း မြင့်တက်နေဆဲဖြစ်ပါသည်။


ဆီစျေးအဆမတန်မြင့်တက်နေတာကြောင့် ကွင်းလမ်းဘက်မှ ဆိုင်ကယ်နှင့်ဆီသယ်ခြင်းများ ပေါများလာပြီး ခရီးသွားလာရသည်မှာ အန္တရာယ်များပြီး ကားလမ်းတစ်လျှောက် စက်သုံးဆီသယ်သည့် ဆိုင်ကယ်များ ပြီး အက်ဆီးဒန့်များ မကြာခဏ ဖြစ်ကြောင်း ကားသမားများထံမှသိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page