top of page

မိုးညှင်းမြို့တွင် စည်ပင်သာယာမှ မောင်းတံဂိတ်များ ဖွင့်ကာ ငွေကြေးကောက်ခံနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၀ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် စည်ပင်သာယာမှ မောင်းတံဂိတ်များ ဆောက်လုပ်ကာ ပိုက်ဆံကောက်ခံနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။


"မိုးညှင်း BOC ဆီဆိုင်နားမှာ မောင်းတံဂိတ်တစ်ခု၊ မြို့ရှောင်လမ်း စိုက်ပျိုးရေးရုံးနားမှာ မောင်းတံဂိတ်တစ်ခုနဲ့ နမ္မားမရောက်ခင် ကုန်တင်နားမှာ မောင်းတံဂိတ်တစ်ခု ပြီးခဲ့တဲ့ လကတည်းက တိုးလာပြီး၊ ကားတစ်စီးကို ၅၀၀တောင်းတာ။” ဟု ကားသမားတစ်ဦး ပြောသည်။


မိုးညှင်းမြို့ပြင်ရှိ မောင်းတံဂိတ်များကို မတ်လမှစ၍ ဆောက်လုပ်လာကြပြီး စည်ပင်သာယာမှ မြို့ဝင်ကြေးကောက်ခံကာ ကားကြီး၊ ကားသေး အားလုံးပေးရသည်ဟု ဆိုသည်။




လိုင်စင်မဲ့ကားများအပြင် လိုင်စင်ပါသည့်ကားများပါ မြို့ဝင်ကြေးပေးဆောင်နေရပြီး KCN/12 ဖြစ်သည့် မိုးညှင်းမြို့လိပ်စာပါသည့် ကားများသာ မပေးရကြောင်း မြို့နေပြည်သူများက ပြောသည်။


ယခုကဲ့သို့ မိုးညှင်းမြို့ စည်ပင်သာယာမှ မောင်းတံဂိတ်ဖွင့်ကာ ပိုက်ဆံကောက်ခံလာရခြင်းကိုလည်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။


“အရင်တုန်းက စည်ပင်သာယာအမိုက်ခွန်တို့၊ လုပ်ငန်းလိုင်စင်ခွန်တို့ အဲ့တာတွေကို ဘယ်သူမှ မဆောင်ကြဘူး၊ မဆောင်ကြတဲ့ အခါကျတော့ သူတို့ ခန့်ထားတဲ့ ဝန်ထမ်းတွေအတွက်ကိုမှ ဝင်ငွေမရှိတာပေါ့နော်။ အဲ့ကြောင့်မလို့ အခုမှ မောင်းတံကောက်ပြီး ပိုက်ဆံရှာတဲ့ ပုံစံမျိုးပေါ့။” ဟု ပြောသည်။


အလားတူ စည်ပင်မှ မောင်းတံဂိတ်ဖွင့်ကာ ပိုက်ဆံကောက်သည့်အပြင် မိုးညှင်းမှ မြစ်ကြီးနားသို့ သွားသည့် လမ်းပေါ်တွင်လည်း နွားတင်ကားများကို ပိုက်ဆံကောက်သည့် မောင်းတံဂိတ်များ သပ်သပ်ရှိသေးသည်ဟု ဒေသခံများက ထပ်မံပြောသည်။


ယင်းတို့မှာ နွားလေလံဆွဲ ဂိတ်ထိုင်ပြီး၊ နွားတင်ကားများကို ဖမ်းကာ ကားသမားများထံမှ ပိုက်ဆံကောက်ခံနေကြောင်းနှင့် စည်ပင်များ၏ မောင်းတံဂိတ်များနှင့် အကျိုးတူပူးပေါင်း ဂိတ်ထိုင်ကြကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


မိုးညှင်းမှ မြစ်ကြီးနားသို့ ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်မောင်းတစ်ဦးမှာလည်း မိုးညှင်း-မြစ်ကြီးနား အသွားအပြန် တစ်ကြောင်းလျှင် စုစုပေါင်း ငွေ၃၀၀၀၀ကျပ်အထိ ပေးဆောင်နေရကြောင်း ပါဂျောင်မီဒီယာသို့ ပြောဆိုထားသည်။


သတင်း - ကချင်ပြည်သား


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page