top of page

မံစီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ချမ်းငြိမ်းကျဆုံး

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၆ရက်၊ဒီဇင်ဘာ၊၂၀၂၄။



KIAနှင့် ပူးပေါင်းတပ်‌ဖွဲ့တို့၏ ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူးဗိုလ်မှူးကြီး အောင်ချမ်းငြိမ်း အပါအ၀င် တပ်သားအများအပြားသေဆုံးကြောင်းနှင့် အရှင်ဖမ်းမိသူများလည်းရှိကြောင်းသိရသည်။


KIAနှင့် ပူးပေါင်းတပ်‌ဖွဲ့တို့သည် မံစီမြို့ရှိ ခမရ(၃၁၉)အပါအဝင် စစ်ကောင်စီ၏တပ်စခန်းအကြီးအသေးများကိုသိမ်းပိုက်ရရှိကြောင်းနှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ(၃၁၉)၊ ခမရ(၆၀၁)၊ အမှတ်(၅၂၃)အမြောက်တပ် တပ်ရင်း (၃)ခုကို တစ်ပြိုင်နက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။


စစ်ကောင်စီဘက်မှ ဗန်းမော်မြို့ မကျစေရန်လေကြောင်းဖြင့် ရိက္ခာနှင့်အင်အားများဖြည့်တင်းပေးလျှက်ရှိကြောင်းကို"စစ်ကတော့ ဖြစ်နေဆဲဘဲ မံစီဘက်မှာကျတော့ စစ်ကောင်စီရဲ့ အရေးကြီးတဲ့ တပ်တွေကို သိမ်းလိုက်ပြီလို့ကြားတယ် ပြီတော့ စစ်တပ်ဘက်ကတော့ လေယာဉ်နဲ့ ရိက္ခာတွေလာချတယ် စစ်အင်အားဖြည့်နေတာမျိုးတော့ ရှိတယ် " ဟုစစ်ရေးနှင့်နီးစပ်သောသတင်းရင်းမြစ်မှပြောသည်။


KIAနှင့် ပူးပေါင်းတပ်‌စုတို့၏ ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြားကျဆုံးမှုရှိပြီး KIAနှင့် ပူးပေါင်းတပ်‌ဖွဲ့တို့ဘက်မှလည်း ကျဆုံးမှုရှိကြောင်းသိရသည်။


သတင်း - A&A


0 views0 comments

Komentarze


Pajau Media

Thanks for subscribing!

bottom of page