top of page

မံစီမြို့၊မန်ဝန်းကြီးကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းပြာကျ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၀ရက်၊ဇန္နဝါရီ၊ ၂၀၂၅။




ကချင်ပြည်နယ်၊ မံစီမြို့၊ မန်ဝန်းကြီးကျေးရွာ၊ ရပ်ကွက်(၃)မှ နေအိမ်တစ်လုံး ယမန်နေ့ နေ့လည်တစ်နာရီခွဲခန့်တွင် နေအိမ်မီးလောင်ကျွမ်းခဲ့ပြီး၊ ငွေကြေးအားဖြင့် စုစုပေါင်း သိန်း (၄၅၀)ဖိုးနီးပါး မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။


အိမ်ရှင်ဖြစ်သူလင်မယားမှာ ယောက္ခမနေအိမ်တွင် ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်းကြောင့် နေအိမ်မီးစလောင်ကျွမ်းသည့် ဖြစ်စဉ်ကို မသိရကြောင်းနှင့် နေအိမ်အပါအဝင် မည်သည့်ပစ္စည်းမှ မဆယ်ယူနိုင်ခဲ့ကြောင်း ပြောသည်။

“သူတို့နှစ်ယောက်က အိမ်မှာ သံတိုသံစ ဝယ်စုပြီး ပြန်ရောင်းတဲ့ အလုပ်လုပ်ပြီး နေထိုင်ကြတာဟုတ်တယ်။ ဘာဆိုဘာမှ မရလိုက်ဘူး။ သူ့ယောက်ဖရဲ့ ကားတစ်စီးလည်း ပါသွားတယ်။ အိမ်မီးလောင်နေချိန် သူတို့နှစ်ယောက်က မရှိဘူး။ ယောကျာ်းဖြစ်သူက ဖျားလို့သူ့မိဘအိမ်မှာ နေနေတာ၊ မိန်းမဖြစ်သူကလည်း သူ့ယောကျာ်းကို မက်ခလောင်ခြစ်ပေးပြီး တစ်ခြားနေရာကို သွားနေတာ။ အဲ့ချိန် မီးလောင်သွားတာပေါ့။ သူများတွေ မီးလောင်နေတယ်လို့ ပြောမှ ပြန်လာကြည့်တော့ သူတို့အိမ်ဖြစ်နေတာ။ ဘာမှမရလိုက်ဘူး အကုန်ပါသွားတယ်။” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။


အဆိုပါနေအိမ်သည် သစ်သားထရံကာတစ်ထပ်နေအိမ်ဖြစ်ပြီး၊ အိမ်ရှင်ဖြစ်သူ အမျိုးသားမှာ နာမကျန်းဖြစ်သောကြောင့် မိဘအိမ်တွင် အမျိုးသမီးဖြစ်သူနှင့် မက်ခလောင်ခြစ်ပြီး၊ အနားယူနေချိန် အိမ်မီးလောင်ပြာကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


နေအိမ်မီးလောင်မှုအတွင်း အိမ်နီးချင်းများမှ ဝိုင်းဝန်းကူညီကြသော်လည်း မီးမငြိမ်းနိုင်ဘဲ ခဏအတွင်း ကားတစ်စီးအပြင် နေအိမ်တစ်လုံး ပြာကျသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ငွေကြေးအားဖြင့် ကားတစ်စီးမှာ သိန်း(၁၈၀)ဖိုးနီးပါး၊ နေအိမ်အပါ ပစ္စည်းများမှာ သိန်း(၂၅၀)နီးပါး မီးလောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။


အိမ်ရှင်များထံမှ မေးမြန်းချက်အရ အဆိုပါနေအိမ်တွင် လွန်ခဲ့သည့် နှစ်၂၀ ခန့်ကလည်း ယခုကဲ့သို့ နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ဖူးပြီး၊ နှစ်ပေါင်း၂၀အကြာ ယခုနှစ်တွင် တစ်ဖန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


သတင်း - ဇော်မိုင်


0 views0 comments

Comentarios


Pajau Media

Thanks for subscribing!

bottom of page