top of page

မြစ်ဆုံ(တန်ဖရဲ)-တယာန်ဇွပ်ကားလမ်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ထား

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၊ ၈၊ ၂၀၂၄။



မြစ်ကြီးနားမြို့မှ မြောက်ဘက် (၂၈)မိုင်အကွာတွင်ရှိသော မြစ်ဆုံ(တန်ဖရဲ)မှ တယာန်ဇွပ်သွား ကားလမ်းပိုင်းကို ယမန်နေ့ ဩဂုတ်လဆန်း တစ်ရက်နေ့မှစပြီး စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း သိရသည်။


ဒေသခံများ ပြောပြချက်အရ အင်ဆွပ်နှင့် တယာန်ဇွပ်ကျေးရွာတွင် အခြေပြုသည့် စစ်ကောင်စီတပ်စခန်းများတွင် စစ်အင်အား ဖြည့်တင်းလှုပ်ရှားနေသောကြောင့်ဟုဆိုကာ တန်ဖရဲမှ တယာန်ဇွပ်ကားလမ်းအပြင် ရေလမ်းကိုပါ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် ခရီးသွားများနှင့် ကုန်တင်ကားများမှာ အင်ဂျန်းယာန်တွင် ပိတ်မိနေပြီး၊ ဖြတ်သန်းခွင့် ပိတ်ပင်ခံရကြောင်းကို ကားသမားတစ်ဦးက ပြောသည်။


“မြစ်ကြီးနားကနေ အင်ဂျန်းယာန်ထိ ကားဆွဲတဲ့ကားသမားတွေက တစ်နေ့ကို အဆင်းအတက်နဲ့ တစ်ခေါက်လောက်တော့ အေးဆေးသွားလို့ ရတာဟုတ်တယ်။ မြစ်ကြီးနားဆင်းလာမယ့် ကားသမားတစ်ယောက်တောင်မှ အခု တန်ဖရဲကနေ တယာန်ဇွပ်အထိ လမ်းပိတ်လိုက်တော့ ဆင်းလာလို့မရဘဲ အင်ဂျန်းယာန်မှာ ပိတ်မိနေတယ်တဲ့။ ဘယ်ချိန်မှ ဆင်းလာရမလဲ မသိတော့ဘူး။”


တန်ဖရဲမှ တယာန်ဇွပ်ကားလမ်းကို ပြီးခဲ့သည့် ဇူလှိုင်လဆန်းပိုင်းတွင် မြစ်ရေ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် အင်ဆွပ်တံတားပြိုကျ ပျက်စီးသွားခဲ့သဖြင့် ပိတ်ပင်ထားခဲ့ပြီးနောက် ရေလမ်းဖြင့်သာ အသုံးပြုကာ သွားလာခဲ့ကြပြီး ယမန်နေ့မှစ၍ ယင်းရေလမ်းကိုပါ ထပ်မံပိတ်ပင်လိုက်သည်ဟု ပြောသည်။


မြစ်ကြီးနား-ဆွမ်ပရာဘွမ့်-ပူတာအိုကားလမ်းပိုင်းကို နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များ၏တိုက်ပွဲများကြောင့် သုံးလကျော် ကြာမြင့်သည်အထိ ပိတ်ပင်ထားခဲ့ပြီးနောက် ကုန်ဈေးနှုန်းများ တဟုန်ထိုးထိုးတက်သွားခဲ့ပြီး၊ ဇွန်လ ၁၀ရက်ကျော်နောက်ပိုင်း ယာယီပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။


မြစ်ဆုံ(တန်ဖရဲ)၊ အင်ဂျန်းယာန်နှင့် အင်ဆွပ်ကျေးရွာတို့သည် မြစ်ကြီးနား-ဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ်တွင် တည်ရှိသော ကျေးရွာများ ဖြစ်ပြီး၊ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် သုံးလကျော် ပိတ်ပင်ထားခဲ့ပြီးနောက်၊ ဇူလှိုင်လဆန်းပိုင်းတွင် မြစ်ရေလျှံမှုကြောင့် ဆင်ဆွပ်တံတားပျက်စီးကာ၊ ရေလမ်းကိုသာ အသုံးပြုခဲ့ကြသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page