ပါဂျောင်မီဒီယာ။
၂၆ရက်၊ဒီဇင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_88ff8d438a57436d826e7191d3336808~mv2.jpg/v1/fill/w_600,h_450,al_c,q_80,enc_auto/c187ce_88ff8d438a57436d826e7191d3336808~mv2.jpg)
လက်ရှိ မြစ်ကြီးနား မြို့အတွင်း လမ်းမ၊ မီးပွိုင့်နှင့်လမ်းထောင့်များတွင် လမ်းသွားလမ်းလာ ကားဆိုင်ကယ်များကို တားဆီးစစ်ဆေးမေးမြန်းခြင်းများ ပိုမိုတင်းကြပ်စွာလုပ်ဆောင်လာကြောင်း ဒေသခံများထံမှသိရသည်။
မြစ်ကြီးနားမြို့ မိန်းလမ်းမများနှင့်မီးပွိုင့်များတွင် ဝတ်စုံအပြည့်ဝတ်ဆင်ထားသည့် စစ်သား၊ရဲနှင့်ယာဥ်ထိန်းရဲများ စုပေါင်းပြီးစစ်ဆေးနေပြီး ယခင်က ကားများကိုသာ အဓိကထားပြီးစစ်ဆေးနေသော်လည်း ယခုအခါတွင် မင်္သကာသည့်ဆိုင်ကယ်များကိုပါ တားဆီးစစ်ဆေးခြင်းများ လုပ်နေကြောင်း မြို့ခံတစ်ဦးက...
“ ဒီမနက်ပိုင်းမှာ ၈ မိုင်ကနေ မြို့ဘက် ကို မောင်လေး ဆေးရုံတက်ရမှာ ဆိုတော့ ဆိုင်ကယ်နဲ့ လာခဲ့တယ်။ မန်ခရိန် လွှတ်တော်ရုံးရှေ့မှာ အရမ်းစစ်နေတယ် ကားတွေ တန်းစီလိုက်ပဲ၊ ဆိုင်ကယ်တွေကိုရောပဲ၊ ကျွန်မ နဲ့ မောင်လေးကိုရော တားပြီး မေးတယ် အထုတ်အပိုးနဲ့ ဆိုတော့ ဘယ်သွား လဲတဲ့ ဆေးရုံသွား မယ် ပြောတော့ သွားခိုင်းတယ်” ဟုပြောသည်။
![](https://static.wixstatic.com/media/c187ce_b3653c4617b145d195fe63a9567dac3a~mv2.jpg/v1/fill/w_780,h_470,al_c,q_85,enc_auto/c187ce_b3653c4617b145d195fe63a9567dac3a~mv2.jpg)
ယခုကဲ့သို့ အသွားအလာများကို စစ်ဆေးမှု တင်းကြပ်လာခြင်းနှင့် ပတ်သက်ပြီး ကား သမား၏ပြောပြချက်အရ KIA, PDF များကို ထောက်ပံ့သောပစ္စည်းများ သယ်ယူ ပို့ဆောင်မှုရှိနေကြောင်း သတင်းများထွက်နေခြင်းကြောင့် ခရီးသွားကားများကို စစ်ဆေးမှု ပိုမိုတင်းကြပ်လာခြင်းဖြစ်ကြောင်းသိရပြီး အချို့ကားသမားများမှာပစ္စည်းသိမ်းခံရပြီး ပိုက်ဆံပေး၍ပြန်ရွေးခိုင်းခြင်းများရှိကြောင်းလည်းသိရသည်။
စစ်ကောင်စီမှ ယခုကာလတွင် မြို့တွင်း လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာပြီး မြို့တွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်သားများ ဖမ်းဆီးခံရခြင်းများလည်းရှိကြောင်းသိရသည်။ စစ်ကောင်စီမှ မြစ်ကြီးနားမြို့တွင်း ယခင်ကထက် လှုပ်ရှားမှုများရှိနေပြီး အဆက်အသွယ်မရပဲ ပျောက်ဆုံးနေသည့် လူငယ်များလည်းရှိနေကြောင်း ဒေသခံများထံမှသိရသည်။
Kommentare