ပါဂျောင်မီဒီယာ
၁၁ရက်၊ ဧပြီလ၊ ၂၀၂၄ခုနှစ် ။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်တံတားအနီိးတစ်ဝိုက်တွင်တွင် ယနေ့ည (၇:၄၅)ဝန်းကျင်ခန့်မှစ၍ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများမရပ်မနားကြားနေရကြောင်း တံတားအနီးဝန်းကျင်တွင်နေထိုင်သူများထံမှသိရသည်။
"လက်နက်သံတွေ ဆက်တိုက်ကြားနေရတယ်။ အခုတောင် (၁၀)မိနစ်လောက်ရှိပြီ၊ မနားသေးဘူး ဆက်တိုက်ကြားနေရတုန်းပဲ၊ သူတို့တွေရမ်းပစ်တဲ့ လက်နက်ကြီးတွေ ကိုယ့်အိမ်ပေါ်ကျလာမှာပဲကြောက်နေရတယ်" ဟု တံတားအနီး စီတာပူရပ်ကွက်တွင်နေထိုင်သူဒေသခံတစ်ဦးမှပြောသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ၏ ပြည်သူများနေထိုင်ရာ ရွာများအတွင်းလက်နက်ကြီးလက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူများ မကြာခနဆိုသလို ထိခိုက်ဒဏ်ရာရကြပြီး အသက်သေဆုံးမှုများပင်ရှိနေကြောင်းသိရသည်။
Comentarios