ပါဂျောင်မီီဒီယာ (ဓာတ်ပုံသတင်း)
၂၁ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။
မြစ်ကြီးနားမြို့တွင်း စက်သုံးဆီရောင်းချပေးနေသည့် ဆီဆိုင်အများစု ဆိုင်ပိတ်ထားသလို၊ အချို့မှာ ဆိုင်ဖွင့်ထားပေမယ့် ဓါတ်ဆီကုန်နေကြောင်း ဆိုင်ရှေ့စာရေးကပ်ထားကြသည်။
Asia Energy, BOC နှင့် Regency ဆီဆိုင်အများစု ဓာတ်ဆီအရောင်းနားထားခဲ့ပြီဖြစ်ပြီး၊ Top နှင့် ဧရာဝဏ် ဆီဆိုင်အချို့တွင်တော့ အချိန်အကန့်အသတ်ဖြင့်ဖွင့်လှစ်ရောင်းချပေးနေကြောင်းသိရသည်။
ကားတစ်စီးလျှင် သုံးသောင်းကျပ်ဖိုးမှ ငါးသောင်းကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်မှ တစ်သောင်းကျပ်အထိသာ ရောင်းချပေးကာ၊ ပုံးဖြင့်လာရောက် ဝယ်ယူသူများကို ဓါတ်ဆီအပြင် ဒီဇယ်ပါ မရောင်းပေးတော့ကြောင်း သိရသည်။
ထိုကဲ့သို့ ဆီဆိုင်ကြီးများအရောင်းရပ်နားထားသောကြောင့် လမ်းဘေးဆိုင်များတွင် ဓာတ်ဆီတစ်ပုလင်းကို ခြောက်ထောင်ကျပ်မှ ကိုးထောင်ကျပ်အထိ ရောင်းချနေကြကြောင်းသိရသည်။
Comments