ပါဂျောင်မီဒီယာ။
၁၈ရက်၊ဒီဇင်ဘာ၊၂၀၂၄။

လတ်တလော မြစ်ကြီးနားမြို့တွင် လူငယ်၊လူလတ်အရွယ်ကောင်းများ ပျောက်ဆုံးမှုဆက်တိုက်ဖြစ်ပေါ်လျှက်ရှိကြောင်း ဒေသခံများထံမှသိရှိရသည်။ ပျောက်ဆုံးမှု အများစုမှာ အသက် ၁၀နှစ် အထက်နှင့် ၃၅နှစ်ကြား အမျိုးသားများဖြစ်ကြပြီး အမျိုးသမီးအချို့လည်း ပါဝင်ကြောင်းသိရသည်။
ပျောက်ဆုံးသွားသော လူငယ်များမှာ စုဆောင်းရေး(ပေါ်တာ) ဆွဲခံရခြင်းမျိုးဖြစ်နိုင်ပြီး မည့်သည့်အဖွဲ့အစည်းမှ ခေါ်ဆောင်သွားခြင်းကိုမှု မသိရှိနိုင်ကြောင်းမြို့ခံများကပြောသည်။
အချို့ပျောက်ဆုံးသွားသောလူငယ်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင်ဖြစ်ပွားခဲ့သော ပန်းခြံနှင့်ဗိုလ်ချုပ်ကြေးရုပ်တုကြားနေရာတွင် ဆယ်ကျော်သက်အမျိုးသမီး(၂)ဦး အသ*တ်ခံလိုက်ရသည့် အမှုနှင့်ဆက်စပ်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်ခြင်းမျိုးဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများလည်းရှိနေသည်။
ပျောက်ဆုံးသွားသည့် လူငယ်များအနက်မှတစ်ချို့ကို ပြန်လည်တွေ့ရှိခဲ့ခြင်းရှိခဲ့သလို၊ ကျန်ရှိသောအချို့မှာ မိသားစုဝင်များနှင့်အဆက်အသွယ်ပြန်လည်ရရှိခြင်းမျိုးမရှိပဲ မိသားစုဝင်များကိုယ်တိုင်လျှင်ပင် မိမိတို့၏သားသမီးများ မည့်သည့်နေရာ၊ဒေသသို့ရောက်ရှိနေပြီး အသက်ရှင်၊မရှင်ကိုပါမသိရှိနေနိုင်သောကြောင့် အလွန်စိုးရိမ်ပူပန်လျှက်ရှိကြောင်းသိရသည်။
Comments