ပါဂျောင်မီဒီယာ
၆၊ ၈၊ ၂၀၂၄
![](https://static.wixstatic.com/media/c187ce_90f12492d70543d3b8b7ed1318ebfd34~mv2.jpg/v1/fill/w_318,h_159,al_c,q_80,enc_auto/c187ce_90f12492d70543d3b8b7ed1318ebfd34~mv2.jpg)
ကချင်ပြည်နယ်တွင် Atom, Oredoo, MPT, CDMA, Mytel စသည့် ဖုန်းလိုင်းများ ၂ ပတ်ကျော်ကြာ ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ပြီး MPT ဖုန်းလိုင်းအား လွန်ခဲ့သော ၂ ရက်၀န်းကျင်ခန့်မှ ပြန်လည် အသုံးပြုနိုင်ပြီး Atom ဖုန်းလိုင်းကိုမူ ယနေ့ ညနေ ၄ နာရီမှ စ၍ ပြန်လည် အသုံးပြုနိုင်ကြောင်း မြစ်ကြီးနားမြို့ ဒေသခံမှ ပါဂျောင်မီဒီယာသို့ ပြောလာသည်။
“ ရက်သတ္တပတ် ၂ ပတ် ကျော်ပြီ ... ဒီညနေ ၄ နာရီမှ ဖုန်းလိုင်း ပြန်ရတော့ ၀မ်းသာတာပေါ့ ... အခု ဆွေမျိုးတွေကိုလည်း စိတ်မပူဖို့ ဖုန်းပတ်ဆက်လို့ ပြီးပြီ .. ဒါပေမယ့် အင်တာနက်တော့ မရသေးဘူးပေါ့။ လိုင်းက E ပဲ ပေါ်နေတယ်.. ဘာပဲဖြစ်ဖြစ် ဖုန်းလိုင်း ပြန်ဖွင့်ပေးတာပဲ ကျေးဇူးတင်ရမယ်” ဟု ဆိုသည်။
ထို့အတူ ပူတာအိုမြို့နယ်တွင် Oredoo ဖုန်းလိုင်းနှင့် MPT ဖုန်းလိုင်းများသာ အသုံးပြုနေရကြောင်းနှင့် ယခု Atom ဖုန်းလိုင်းပြန်လည်ရရှိနေမှုအပေါ် အဆင်ပြေ ၀မ်းသာနေရကြောင်း ပူတာအိုမြို့ခံမှ ပါဂျောင်မီဒီယာသို့ ပြောပြလာပါသည်။
Comments