ပါဂျောင်မီဒီယာ။
၃၀ရက်၊ဒီဇင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_eb8204e420a94323b8d235ed6e9d9e52~mv2.jpg/v1/fill/w_980,h_636,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_eb8204e420a94323b8d235ed6e9d9e52~mv2.jpg)
မြစ်ကြီးနား-မိုးညှင်းသွားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ၏စစ်ဆေးရေးဂိတ်တွေ ပိုမိုများပြားလာပြီး စစ်ဆေးရေးတင်းကြပ်နေခြင်းကြောင့် ခရီးသွားပြည်သူများ အသွားအလာ ခက်ခဲလာကြောင်းသိရသည်။
စစ်ဆေးရေးဂိတ်တိုင်းတွင် စစ်ဆေးမှုများပုံမှန်လုပ်ဆောင်နေသော်လည်း မြစ်ကြီးနားမြို့အထွက် မော်ဖောင်းစစ်တပ်ဂိတ်၌ ခရီးသွားအားလုံးကို ကားပေါ်မှဆင်းခိုင်းကာ မှတ်ပုံတင်သိမ်းယူပြီး ခရီးသည်များကို မှတ်ပုံတင်နံပတ် အလွတ်ပြောခိုင်းကာ
မပြောနိုင်ရင် ဟိုမေးဒီမေးနှင့်အချိန်ကြာမြင့်စွာ စစ်ဆေးခံနေရကြောင်း ကိုခရီးသွားပြည်သူတစ်ဦးမှ...
“ တစ်ခြားဂိတ်တွေ မှာလည်းစစ်တာတော့ စစ်ပါတယ် ပိုဆိုးတာက မော်ဖောင်း အထွက် စစ်တပ်ဂိတ်ကဆိုးတာ မနေ့ကမိုးညှင်းကအပြန်မှာ ကားပေါ်ပါလာတဲ့သူတွေ ရဲ့မှတ်ပုံတင်ကိုအရင်သိမ်းတယ်၊ ပြီးမှ တစ်ယောက်ပြီးတစ်ယောက် နာမည် မှတ်ပုံတင်နံပတ် အလွတ်ပြောခိုင်းတယ်၊ တစ်ချို့အသက်ကြီးတဲ့ သူတွေဆိုမပြောနိုင်ဘူးလေ အကြာကြီးမဖြတ်ခိုင်း ဘူး ဝတ်စုံအပြည့် သေနတ်တွေနဲ့ဆိုတော့ တစ်ချို့ မိန်းကလေးတွေ ဆို ရစ်လွန်းလို့ ကြောက် ပြီးငိုပြောယူရတာ စိတ်ပျက်စရာကြီး ”ဟုပြောသည်။
![](https://static.wixstatic.com/media/c187ce_9456806f9ea545ebbbaf221c61e1da59~mv2.jpg/v1/fill/w_980,h_654,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_9456806f9ea545ebbbaf221c61e1da59~mv2.jpg)
ယခုလိုစစ်ဆေးခြင်းများသည် ခရီးသွားပြည်သူများကို အသွားအလာနှောင့်နှေးစေသည့်အပြင် ခြိမ်းခြောက်သည့်သဘောသက်ရောက်နေကြောင်း ပြည်သူတွေများကပြောဆိုနေကြသည်။ မြစ်ကြီးနား-မိုးညှင်းသွားလမ်းပိုင်းရှိ (၂၁)မိုင် စုပေါင်းဂိတ်တွင်လည်း KIA, PDF များကိုထောက်ပံ့ပစ္စည်းတွေ ပို့ဆောင်သည့်သတင်းများ ရရှိထားသည့်အတွက် စစ်ဆေးရေးတင်းကြပ်လုပ်ဆောင်နေကြောင်းသိရသည်။
မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်တပ်များ၏ စစ်ဆေးရေးဂိတ်ပေါင်း ၂၀ ခန့်ရှိပြီးဂိတ်တိုင်းတွင်ဂိတ်ကြေးကောက်ခံပြီး စစ်ဆေးရေးတင်းကြပ်မှုကြောင့် ခရီသွားပြည်သူများ ခက်ခဲနေကြောင်းကားသမား များကဆိုသည်။
Comments