top of page

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်(၃) တွင် မီးလောင်မှုဖြစ်ပွား

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၄ရက် မေလ ၂၀၂၄





မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (၃) တက္ကသိုလ်လမ်းမ နှင့် ဝဘော်လမ်းဒေါင့်ရှိအိမ် ၃ အိမ် ယခုမနက် ၇ နာရီဝန်းကျင်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။


"ရပ်ကွက် ၃ KBC ဘုရားကျောင်းနားမှာလောင်နေတာ။ ဘယ်အိမ်ကနေစလောင်တာလဲတော့မသိဘူး အိမ် (၃)အိမ်တော့ပါသွားပြီ။ ဘေးကတိုက်အိမ်ကိုတောင်ကူးသွားနိုင်တယ်။ လေက အဲ့ဒီဘက်ကိုပဲတိုက်နေတာ" ဟု မီးလောင်မှုကိုမျက်မြင်တွေ့ရှိသူဒေသခံတစ်ဦးကပြောဆိုထားပါသည်။


ယင်းမီးလောင်မှုမှာ ယခုအချိန်ထိဆက်လက်လောင်နေဆဲဖြစ်ပြီး မီးစလောင်ရသည့်အကြောင်းအရင်းကို မသိရသေးပါ။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page