top of page
Writer's picturePajau Media

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စစ်သင်တန်းပို့ချလျှက်ရှိ

ပါဂျောင်မီဒီယာ

၂၃ရက်၊စက်တင်ဘာလ၊၂၀၂၄။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ကောင်စီမှရပ်ကွက်အုပ်ချုပ်ရေးမှုးများကို စစ်သင်တန်း ပေးနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ဒေသခံများပြောဆိုချက်အရ စစ်ကောင်စီမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ စစ်သင်တန်းပေးရခြင်းမှာ ရပ်ကွက်အတွင်း လုံခြုံရေးအတွက် ဟူသည့်ခေါင်းစဉ်ဖြင့် သင်တန်းပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။


စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း KTVနှင့် Night Club နေရာမျိုးများမှလူငယ်များကို တပ်သားစုဆောင်းရေးများ လုပ်ဆောင်နေသလို မြို့အပြင်ဘက်ရှိ စစ်ဆေးရေးဂိတ်စခန်းများတွင် အခွန်ကောက်ခံခြင်း စစ်ဆေးမေးမြန်းခြင်းများ အစဉ်လုပ်ဆောင်နေသည်ဟု ဆိုသည်။


ပြီးခဲ့သည့် စက်တင်ဘာ၁၁ရက်နေ့မှစပြီး မြစ်ကြီးနားမြို့တွင်း နေရာများတွင် စစ်ကောင်စီမှ နေရာယူကာ ဖြတ်သွားဖြတ်လာ ပြည်သူများကို တားဆီးပိတ်ပင်ပြီး စစ်ဆေးမေးမြန်းမှုများကို ပိုမိုလုပ်ဆောင်လာပြီး ညပိုင်းအချိန်များတွင် ဒရုန်းဖြင့် ကင်းထောက်စောင့်ကြည့်မှုများနှင့် ရံဖန်ရံခါ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကိုပါ လုပ်ဆောင်နေခဲ့သည်ဟု ဆိုသည်။


စက်တင်ဘာ၁၁ရက်နေ့တွင် နှောင်နန်း ဆယ်မိုင်ကျေးရွာအတွင်း အင်အား၃၀နီးပါးရှိသည့် စစ်ကြောင်းက ယူနီဖောင်းအပြည့်အစုံဖြင့် နေရာယူ ဝင်ရောက်လှုပ်ရှားမှုများလည်း ရှိခဲ့ပြီး၊ မြစ်ဆုံသွား ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျှောက်ရှိ လမုန်ဇွမ်တံတားနေရာတွင် ဆိုင်ကယ်တစ်စီး လျှင် တစ်သောင်းကျပ်ဖြင့် ပိုက်ဆံကောက်ကာ တားဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


စစ်ကောင်စီမှ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသည့်နေရာများမှာ ပလန၊ နန်ကျင်၊ ရွှေစက်၊ မန်ခိန်နှင့် မြစ်ဆုံသွား ဆွမ်ပရာဘွမ်လမ်းမကြီးနေရာများတွင်ဖြစ်ပြီး၊ မြစ်ဆုံတန်ဖရဲတပ်စခန်းအတွင်း စစ်အင်အား ဖြည့်တင်းလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောသည်။


0 views0 comments

Comments


bottom of page