ပါဂျောင်မီဒီယာ
၈၊ ၈၊ ၂၀၂၄။
![](https://static.wixstatic.com/media/c187ce_dfdda379e0444d80aa97054a972920bc~mv2.jpg/v1/fill/w_532,h_344,al_c,q_80,enc_auto/c187ce_dfdda379e0444d80aa97054a972920bc~mv2.jpg)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေအစိုက်စစ်ကောင်စီ၏ ရှေ့တန်းအမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ဗန်းမော်မြို့ လူနေရပ်ကွက်ထဲ ကျရောက်ပြီး အရပ်သားများ ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့ သိရတယ်လို့ ဒေသခံ ပြည်သူတစ်ဦး ပါဂျောင်မီဒီယာကို ပြောကြာခဲ့သည်။
သြဂုတ် ၃ ရက်နေ့ နေ့လည်ချိန်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ ဗန်းမော်မြို့ပေါ် မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုရားကျောင်းဝင်းအတွင်း လက်နက်ကြီးကျရောက်ခဲ့ပြီး စစ်ရှောင်ခိုလှုံနေသော ကလေးငယ် ၁ ဦးသေဆုံပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
“သိမ်တော်ကြီးဘုရားကျောင်းဝင်း အတွင်မှာပင် ခြင်းလုံးခတ်သောကွင်းမှာ ကလေးတွေ ဆော့ကစားနေကြအချိန် လက်နက်ကြီး ရုတ်တရက်ကျ ပေါက်ကွဲဖြစ်သွားခဲ့သည်။ “အဲမှာ ဆော့နေတဲ့ ကလေး ၃ ဦးထိသွားတယ်။ ၁ ဦးက အဲ့နေရာမှာပဲ ဆုံးသွားတယ် ကျန်တဲ့ ဒဏ်ရာရ ၂ ဦးကို ဗန်းမော်ဆေးမှာ တင်ထားတယ်။ ကလေးတွေက ၁၀ နှစ် အောက်အရွယ်ပဲ ရှိသေးလို့” ဟူ၍ ဖြစ်စဥ် မျက်မြင်သက်သေမှ ပါဂျောင်မီဒီယာသို့ ပြောခဲ့သည်။
ထိုအတူ ဩဂုတ် ၁ ရက်နေ့တွင် ဗန်းမော်-မိုးမောက်သွားလမ်း (၃) မိုင်ရွာဘက်ရှိ စာသင်ကျောင်းအနီး လက်နက်ကြီးကျ ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦးနှစ် အမျိုးသား ၂ ဦး စုစုပေါင်း ဒဏ်ရာရ အရပ်သား ၄ ဉီး ကို ဗန်းမော်မြို့ ပြည်သူ့ဆေးရုံးကြီးတွင် ကုသခံယူနေသည်ဟု ကြားသိရသည်။
လက်နက်ကြီးနှင့်ပစ်ခတ်နေသော စစ်ကောင်စီတပ်များသည် သံချပ်ကာတပ်ရင်းနှင့် ဖန်းကားကုန်းရပ်ကွက်ရှိ ခလရ (၄၇) တပ် မှနေ၍ မြို့ထဲအတွင်း ရည်ရွက်ချက် ရှိရှိပစ်ခတ်နေသည်ဟု ဒေသခံမှမှ ဆက်လက်ပြောပြခဲ့သည်။
လက်နက်ကြီး ပေါက်ကွဲခဲ့သည့် ဗန်းမော်မြို့ ရပ်ကွက်များမှာ ရှမ်းကြီးပိုင်း၊ သိမ်တော်ကြီး၊ ကုက္ကိုင်တော စသည့်အပြင် နောင်ခို၊ ရွှေကြီးနား၊ နန်ဖား စသည့် ကျေးရွာများ ပါဝင်သည်ဟု သိရှိရသည်။
လက်ရှိ ဗန်းမော်မြို့ နှင့် ၇ မိုင်ခန့်ကွာဝေးသော မိုးမောက်မြို့ ခမရ (၄၃၇) တပ်စခန်းနဲ့ KIA ပူပေါင်းတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၁၀ ရက်ကျော်ကြာမြင့်ပြီး တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ် နဲ့ လေယာဉ်ပစ်ကူများ နေ့စဉ်အသုံးပြုနေကြောင်း သိရှိရသည်။
Comments