ပါဂျောင်မီဒီယာ။
၁၇ရက်၊ဒီဇင်ဘာ၊၂၀၂၄။
KIAနှင့်ပူးပေါင်းတပ်ဖွဲ့များ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးတိမ်းရှောင်နိုင်သည့် ပြည်သူများရှိသလို မိသားစုဝင်များနှင့်အဆက်သွယ်မရရှိ၍ လမ်းပျောက်နေသော ပြည်သူများလည်းအများအပြားရှိနေသေးကြောင်း ထွက်ပြေးလွှတ်မြောက်လာသော ဒေသခံများထံမှ ကြားသိရသည်။
တိုက်ပွဲတွင်း ဒေသခံပြည်သူတချို့မှာ မိမိဆွေမျိုးများနှင့်နီးစပ်ရာ မြစ်ကြီးနား၊ရွှေကူ၊မန္တလေးနှင့်လွယ်ဂျယ်ဘက်သို့ တိမ်းရှောင်နိုင်ခဲ့သော်လည်း တစ်ချို့မှာမြို့တွင်း၌သာ ပိတ်မိနေပြီး၊အချို့မှာမိသားစုဆွေမျိုးများနှင့်အဆက်အသွယ်မရရှိသဖြင့် ခြေဦးတည့်ရာထွက်ပြေးကြရကြောင်းသိရသည်။
ယခုလက်ရှိ မန်းမော်ဒေသတစ်ခုလုံးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မြို့အတွင်းတွင်ဒေသခံပြည်သူများမရှိသလောက်ဖြစ်သွားသဖြင့် အိမ်၊ဆိုင်ခန်းနှင့်ဂိုထောင်များဖောက်ခံနေရကြောင်း အနည်းငယ်ကျန်ရှိနေသော ဗန်းမော်ဒေသခံပြည်သူများထံမှသိရသည်။
အင်ဘာပါရွှာ တစ်ဝိုက်သို့ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများထံသို့ ကူမှုကူညီရေးအသင်းများမှ စားနပ်ရိက္ခာ ကူညီပေးခဲ့ခြင်းများရှိခဲ့သော်လည်း တိုက်ပွဲကာလကြာရှည်လာသည်နှင့်အမျှ လူမှုကူညီရေးအသင်းများမရောက်နိုင်သော စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာများပြတ်လပ်နေကြောင်းသိရသည်။
ထို့အတူ တိုက်ပွဲအတွင်း ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုများရှိနေသော်လည်း ဖုန်းလိုင်းနှင့်အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် တိတိကျကျသိရှိနိုင်ရန် ခက်ခဲနေသေးကြောင်း ဗန်းမော်မြို့သူ/မြို့သားများဆုံဆည်းရာ (Facebook Group) စကားဝိုင်းများအရသိရှိရသည်။
Comentarios