top of page

ဗန်းမော်မြို့တွင် စစ်ကောင်စီ၏ လေယျာဥ်ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်ပျက်စီးမှုဒဏ်များကြုံနေရ

Writer's picture: Pajau MediaPajau Media

ပါဂျောင် မီဒီယာ

၂၅ ဒီဇင်ဘာ ၂၀၂၄



ဗန်းမော်မြို့တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က စတင်၍ ယနေ့တိုင် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်များက လေကြောင်း​ဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ အိုးအိမ်ပျက်စီးမှုများနဲ့ ထိခိုက်သေဆုံးမှုများနေတိုင်းလိုလို ဖြစ်ပွား နေတာကို သိရပါသည်။

.

ဒီဇင်ဘာ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီဘက်က ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ဗန်းမော်မြို့ ညှောင်ပင်သာ ရက်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိကြောင်းနှင့် အကြောင်းအရာအတိကျ စုံစမ်းသိရှိရန် ခက်ခဲနေဆဲဖြစ်ပါသည်။


တိုက်ပွဲ ပြင်းထန်လာသည်နဲ့အမျှ ဗန်းမော်ဒေသခံပြည်သူအများစုမှာ ထွက်​ပြေးတိမ်းရှောင်နိုင်ခဲ့ကြပြီး အနည်းစုမှာ ဗန်းမော်မြို့တွင်း ပိတ်မိနေတာကြောင့် ယခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသောပြည်သူများ များပြားလာတာလာကို သိရပါသည်။


ဗန်းမော်မြို့တွင် တိုက်ပွဲစတင်ခဲ့သော ဒီဇင်လာ ၄ ရက်နေ့မှစ၍ ဒီဇင်ဘာ ၂၄ ရက်နေ့ထိ တိုက်ပွဲ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်မှ လေယာဥ် ဗုံးများ၊ လက်နက်ကြီးများနှင့် ပြင်းပြင်းထန်ထန်ခုခံ တိုက်ခိုက်နေသောကြောင့် ဗန်းမော်မြို့တွင်းက ဒေသခံပြည်သူများ၏ အိုးအိမ် မီးလောင်ပျက်စီးမှုများဆက်တိုက်ဖြစ်နေကြောင်းကို ဒေသသတင်းရင်းမြစ်ကနေ သိရှိရပါသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page