top of page

ဗန်းမော်တွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခြင်းများ အဆက်မပြတ်လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 9
  • 1 min read

ပါဂျောင်မီဒီယာ။

၉ရက်၊ဧပြီလ၊၂၀၂၅။





ကချင်ပြည်နယ်၊ ဗန်းမော်ဒေသတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် အဆက်မပြတ်တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။


စစ်ကောင်စီတပ်ဖွဲ့များမှာ အင်အားပြင်းငလျှင်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ် တိုက်ခိုက်ခြင်းကို ယာယီရပ်နားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသော်လည်း ဧပြီလ ၉ရက်နေ့ ယနေ့နံနက်ပိုင်းအချိန်ထိ ဗန်းမော်ဒေသသို့ လေယာဉ်၊ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်သည်ဟု ဆိုသည်။


လက်ရှိတွင် ဗန်းမော်ဒေသအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်တပ်မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်နေခဲ့သည့်အပြင် ခြေလျင်ဖြင့် စစ်ကြောင်းထိုးလှုပ်ရှားနေခြင်း၊ အစားအသောက်နှင့် လက်နက်ပစ္စည်းများ ဆက်တိုက်ပို့ချပေးနေခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။


ထို့အပြင် ဝိုင်းမော်-လမြန်ကျေးရွာဝန်းကျင်ဘက်တွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက အင်အားဖြည့်ကာ ထိုးစစ်ဆင်နေပြီး၊ စစ်ရေးလှုပ်ရှားမှုများပါ ဆက်တိုက်ပြုလုပ်နေခဲ့သည်။


စစ်ကောင်စီတပ်ဖွဲ့မှာ ဧပြီ၂ရက်နေ့မှ ၂၂ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ယာယီရပ်နားကြောင်း ထုတ်ပြန်ကြေငြာထားသော်လည်း ဧပြီ၇ရက်နေ့တွင် စစ်ကိုင်းအစပ် အင်းတော်ဒေသသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခဲ့သော်လည်း KIAပူးပေါင်းတပ်ဖွဲ့မှ အင်းတော်ဒေသကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page