top of page

ဖုန်းလိုင်း အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး ကချင်ပြည်နယ်တွင် စစ်ကောင်စီ စစ်ရေးပြင်ဆင်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၊ ၈၊ ၂၀၂၄



ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစပြီး ကချင်ပြည်နယ်မြို့နယ်တော်တော်များများတွင် ဖုန်းလိုင်း အင်တာနက်လိုင်းများ စစ်ကောင်စီဘက်မှ ဖြတ်တောက်ထားလျက်ရှိနေသည်မှာ ယနေ့ထက်ထိပင်ဖြစ်သည်။


ထိုအချိန်များတွင် မြစ်ကြီးနားမြို့နယ်အတွင်ရှိ ပလနကျေးရွာနှင့် နောင်နန်းကျေးရွာပတ်ဝန်းကျင်တစ်ဝိုင်တွင် စစ်ကောင်စီတပ်များက တပ်စွဲထားပြီး လက်နက်ကြီးများကိုလည်းတပ်ဆင်ကာနေရာချထားပါသည်။ ထို့အပြင် နောင်နန်းရွာ ၁၀ မိုင်အထက်တန်းကျောင်းနှင့် ဂျော်ဘွမ်ဆုတောင်းတောင်တွင်လည်း စစ်ကောင်စီဘက်မှ တပ်စွဲထားလျက်ရှိပါသည်။


ဇူလိုင် ၂၉ ရက်နေ့မှစပြီး စစ်ကောင်စီတပ်ဖွဲ့များသည် ကချင်နှစ်ခြင်းခရစ်ယာန်ဓမ္မကော်လိပ်ကျောင်းဝန်းထဲတွင် ဝင်ရောက်လာပြီး တပ်စွဲဖို့ ပြင်ဆင်နေသောလည်း ကျောင်းဝန်းထဲ ကျောင်းသူ/သားများသောကြောင့် လက်ရှိတွင် ဂျော်ဘွမ်ဆုတောင်းတောင်နှင့် နောင်နန်း ၁၀ မိုင်အထက်တန်းကျောင်းထဲတွင် နှစ်ဖွဲ့ခွဲကာ တပ်စွဲနေရာယူထားသည်ဟု ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာကို ပြောပါသည်။


မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမပေါ်ဘေးရှိ ရပ်ကွက်ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီမှ လက်နက်တပ်ဆင်ထားသည့်အပြင် ပလနမီးသတ်ရုံးနှင့် ရဲစခန်းတစ်လျောက်တွင် စစ်အင်အားဖြည့်ထားလျက်ရှိသည်။


လက်ရှိတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် စစ်ကောင်စီသည် ညစဉ်ညတိုင်း ကင်းလှည့်စီစစ်လှုပ်ရှားပြီး မြို့ပြင်ဘက်တောက်လျောက်တွင် နေရာယူတပ်ချထားကာ လုံခြုံရေးတင်းကြပ်နေလျက်ရှိနေသည်။


တစ်ကျော့ပြန်ဖြစ်ပွားလာသော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီများအကြား တိုက်ပွဲများပြင်းထန်လာပြီး စစ်ကောင်စီဘက်မှ တပ်စခန်းများအပါအဝင် ဆုံရှုံးမှုများပြားရှိနေပြီးဖြစ်ပြီးနောက် KIA ဘက်မှ မြစ်ကြီးနားနှင် ဝိုင်းမော်ဘက်ကို ဆက်ပြီးတိုက်ခိုက်လာနိုင်သည်ကို စစ်ကောင်စီဘက်က စိုးရိမ်နေသောကြောင့် စစ်ရေးပြင်ဆင်နေကြကြောင်း ဒေသခံများက သုံးသပ်ထားကြပါသည်။


0 views0 comments

Comentários


Pajau Media

Thanks for subscribing!

bottom of page