top of page

ဖုန်းလိုင်းများဖြတ်တောက်ခံရပြီးနောက် မြစ်ကြီးနားဆေးရုံကြီးတွင် ပိုင်ရှင်မဲ့အလောင်းပိုမိုများပြားလာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၆ရက်၊ဇန္နဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖုန်းလိုင်းဖြတ်တောက်ခံရပြီးနောက် ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့သူများကို ပိုင်ရှင်မဲ့အလောင်းအဖြစ်သာ သတ်မှတ်ပြီး သဂြိုလ်လိုက်ရကြောင်း မြစ်ကြီးနား နာရေးကူညီမှုအသင်းတစ်ခုထံမှ သိရသည်။


၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်း (၃)လအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူများပြားလာခဲ့ပြီး၊ ဖုန်းလိုင်း အခက်အခဲရှိသောကြောင့် အဆက် အသွယ်မရဘဲ ပိုင်ရှင်မဲ့အလောင်းအဖြစ်သာ သတ်မှတ်သဂြိုလ်ခဲ့သည့် အလောင်း(၁၀)လောင်း အထိ ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းတစ်ခုမှ ကားမောင်းသူတစ်ဦးက ပြောသည်။


"ယာဉ်မတော်တဆဖြစ်လို့ သေသွားတဲ့သူတွေက မှတ်ပုံတင်လဲမပါတော့ ဘယ်သူမှန်းမသိ ၊ဘယ်မှာနေတယ်မသိနဲ့ စုံစမ်းလို့လဲမရဘူး၊ ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ဘဲ သဂြိုလ်လိုက်ရတာ( ၁၀)ဦးရှိပြီ"ဟု ပြောသည်။


မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သူများမှ (၄)ဦးမှာ မိသားစုထံ ဆက်သွယ်၍မရဘဲ ပိုင်ရှင်မဲ့အလောင်းအဖြစ်သာ သဂြိုလ်ခဲ့ရကြောင်း နာရေးကူညီမှုအသင်းတစ်ခုထံမှသိရသည်။


ပိုင်ရှင်မဲ့အလောင်းအဖြစ် နာရေးကူညီမှုအသင်း၏ facebook စာမျက်နှာတွင် ဖော်ပြခဲ့ကြသော်လည်း မိသားစုဘက်မှ ဆက်သွယ်လာခြင်းမရှိကြောင်း၊ ဖော်ပြပြီးနောက် ကော်မန့်များတွင် “အိမ်ကမောင်လေးနဲ့လည်း အဆက်အသွယ်ပျက်နေတာကြာပြီ စိတ်ပူလိုက်တာ” စသည့် မှတ်ချက်များသာ ပေးလာကြောင်းသိရှိရသည်။


သတင်း - ကချင်ပြည်သား


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page