top of page

ဖုန်ငိုင်ယာန် စစ်ရှောင်စခန်းတွင် စောင်နှင့်အနွေးထည်များအရေးပေါ် လိုအပ်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၁၂ရက်၊ နိုဝင်ဘာ၊ ၂၀၂၄။



ဆောင်းရာသီရောက်ရှိလာသည်နှင့်အမျှ ဆွမ်ပရာဘွမ်မြို့ အနီးရှိ ဖုန်ငိုင်ယာန်စစ်ရှောင် စခန်းတွင် စောင်နှင့်အနွေးထည်များ အရေးပေါ် လိုအပ်နေဆဲ ဟု စစ်ရှောင်နေသူ များထံမှသိရသည်။


စစ်‌ရှောင်ပြည်သူများသည် စစ်ရှောင်လာချိန်တွင် ကိုယ်လွှတ်ရုန်းရှောင်လာရသောကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုသာပါလာပြီး စစ်ရေးပိုမိုတင်းမာလာတာနှင့်အမျှ တချို့ယာခင်းများသို့ အသုံးအဆောင် ပစ္စည်း တချို့ပို့ထားသည်များကိုလည်း ပြန်လည်သွားရောက် မယူဆောင်နိုင်သောကြောင့် ဆောင်းတွင်းရောက်လာသော်လည်း စောင်အပါးတစ်ထည်စီလောက်သာနှင့် အအေးဒဏ်ကိုအံတုနေရကြောင်းသိရသည်။


“ကျွန်တော်တို့ဆို ဘာမှမယူလာနိုင်ဘူး အခုတောင်စောင်အပါး တစ်ထည်ပဲရှိတယ်၊ တစ်ချို့ ရှိတဲ့လူတွေတော့ ရှိတယ်၊ တော်တော်များများကတော့ စောင်မလုံလောက်ကြဘူး၊ စစ်ရှောင်စခန်းမှာ ရာသီဥတုအပြောင်းအလဲကြောင့် ကလေးလူကြီး ဖျားနာ သူတွေလည်းရှိတယ် ” ဟု စစ်ရှောင်တစ်ဦးမှပြောသည်။




ယခုနောက်ပိုင်း စစ်ရှောင်သူတွေ များပြားလာသည့်အပြင် အကူအညီတွေ ရှားပါးလာတာကြောင့် ပိုမိုခက်ခဲလာပြီး ဆွမ်ပီယန်ပြည်သူများမှာ ပူတာအိုကားလမ်းတစ်လျှောက်စစ်‌ရေးတင်းမာလာသောကြောင့် ဖုန်ငိုင်ယန်စစ်ရှောင်စခန်းမှာ နေထိုင်လာတာ ၆လကြာမြင့်လာသော်လည်း လက်ရှိအချိန်ထိ နေရပ်ပြန်ရေးနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း သိရသည်။


ဆွမ်ပီယန်ကျေးရွာ အတွင်းစစ်ကောင်စီတပ်ဖွဲ့များစခန်းချ နေထိုင်နေပြီး ရွာအနီးပတ်ဝန်းကျင်သို့ ရံဖန်ရံခါ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် ပြည်သူများမှာ ရွာပြန်ပြီး မိမိအိမ်ခြေအနေ သွားရောက်ကြည့်ရှုရန်ပင် ခက်ခဲနေလျှက်ရှိသည်။ စစ်ရှောင်လာသည့်အချိန်ကြာလာသည်နှင့်အမျှ အချို့အိမ်များ ပျက်စီးသွားပြီး၊ ပြည်သူများကျန်ခဲ့သည့် အိမ်မွေးတိရစ္ဆာန်များလည်း စစ်ကောင်စီမှ သတ်စား၍ ကုန်သလောက်ရှိပြီ ဟုဆိုသည်။


ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် မေလ၁၁ရက် ကတည်းက ဆွမ်ပီယန်၊ ဝဒတ်၊ အင်စီးယန် ရွာသုံးရွာမှ စစ်ရှောင်ပြည်သူ တစ်ထောင်ကျော်နေထိုင်နေပြီး လက်ရှိမှာ ဆောင်းရာသီအတွက် အသုံးအဆောင် ပစ္စည်းအကူအညီများလိုအပ်နေ ကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။


သတင်း - ဒွဲအောင်


Comments


Pajau Media

Thanks for subscribing!

bottom of page