top of page

ဖားကန့်မြို့ လမောင်ဗျူဟာကုန်းတပ်စခန်း KIAနှင့် ပူးပေါင်းတပ် သိမ်းပိုက်ရရှိကြောင်း KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၅၊ ၈၊ ၂၀၂၄။



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်း တပ်စခန်းများ အဓိက လုံခြုံရေးယူပေးနေသော လမောင်ဗျူဟာကုန်း တပ်စခန်းကြီးကို ဒီနေ့ မနက် ၉ နာရီအချိန်အတွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီးဟု KIO သတင်းပြန်ကြားရေးတာခံ ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု ပြောကြားခဲ့သည်။


ဩဂုတ်လ ၁၄ ရက်နေ့ မနက် ၃ နာရီဝန်းကျင်အချိန်မှစပြီး KIA တပ်နှင့် KPDF ပူးပေါင်းရေးတပ် လမောင်ဗျူဟာကုန်း တပ်စခန်းကြီးနှင့် တောမှော်တပ်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယနေ့ မနက် ၉ နာရီအချိန်ခန့်တွင် လမောင်ဗျူဟာကုန်း တပ်စခန်းကြီးကို အပြီးသတ်ပိုက်လိုက်ပြီဟု သိရှိရသည်။


“ ဖားကန့်မှာ ဒီနေ့ မနက်ကတည်းက တိုက်ခိုက်နေတယ်။ လမောင်ကုန်းစခန်းကို ဒီမနက် ၉ နာရီအချိန်လောက်မှာ သိမ်းနိုင်ခဲ့တယ်။ တောမှော်စခန်းက လက်ရှိ မသိမ်းနိုင်သေးဘူး…။ အက်ဒီစခန်း ဘယ်လောက်ထိရေးကြီးလဲ ဆိုတော့ ဖားကန့်ကို အဓိက လုံခြုံရေးယူပေးနေတဲ့တပ်စခန်းကြီး ဖြစ်တယ်။ လမောင်တို့၊ တောမှော်၊ ကံစီး၊ လုံးခင်းတို့ ဖားကန့်ဗျူဟာကုန်းနဲ့ ဖားကန့်တပ်တွေ ကာကွယ်ပေးနေတဲ့ တပ်စခန်းကြီးဖြစ်တယ်လို့” ပြောဆိုထားသည်။


ဩဂုတ် ၁၄ ရက်နေ့ မနက် ၃ နာရီဝန်းကျင်အချိန်မှစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်နှင့် KPDF ပူးပေါင်းတပ်တို့ စတင် ထိုးစစ်ဆင်တိုက်ခိုက်ပြီး နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ကာ ယနေ့မနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပြီး ခုခံ ပစ်ကူတိုက်ခိုက် ပေးနေသည် ဟု သိရှိရသည်။


KIA အနေဖြင့် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီ တပ်စခန်းများအပြားကို သိမ်းပိုက်ထားပြီး မြို့နယ်ဧရိယာအများစုကို စိုးမိုးထိန်းချုပ်ထားသည့် အခြေအနေတွင် မြို့အနီး စစ်ကောင်စီတပ်အတွက် အရေးပါသည့် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page